အသက် ၁၄ နှစ်အရွယ် အလယ်တန်းကျောင်းသူလေး ချွန်းဂျီဟာ ကျောင်းမှာ အနေအေးပြီးတော့သည်းခံတတ်တဲ့ကလေးမျိုးပါ။သာမန်နေ့တွေ့ထဲက တစ်ရက်မှာ ဘာအကြောင်းပြချက်ကြောင့်မှန်းမသိ ရုတ်တရက် ကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားခဲ့ပြီးတဲ့နောက် ကျန်ရစ်တဲ့ မိခင်ဖြစ်သူ ဟျွန်းဆော့နဲ့ အစ်မဖြစ်သူ မန်ဂျီတို့ဟာချိုဝန်းတိုက်ခန်းကို အိမ်ပြောင်းသွားခဲ့ပါတယ်။ညီမဖြစ်သူ သေဆုံးသွားတာကို လက်မခံနိုင်တဲ့ အစ်မဖြစ်သူဟာ ညီမဖြစ်သူဆီမှာဘယ်လို ကိစ္စမျိုးတွေ ရှိခဲ့တာလဲ…အလယ်တန်းကျောင်းသူလေးတစ်ယောက် သတ်သေရလောက်တဲ့ထိ ဘယ်အရာတွေက ပင်ပန်းစေခဲ့တာလဲဆိုတာလိုက်လံရှာဖွေရင်း နောက်ဆုံးမှာတော့ ဘယ်လိုအဖြေကို ရှာတွေ့သွားလဲဆိုတာကို စိတ်မကောင်းဖွယ်ရင်နင့်ဖွယ်ရာ ကြည့်ရှုရမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။