Ama Gloria HD

Ama Gloria

Drama HD 2023-08-30 6.815 84 Min

ဇာတ်လမ်းအကျဉ်း ဆုတွေလည်းရထားပြီး Ratting လည်းတော်တော်ကောင်းတဲ့ ပြင်သစ်ကားလေးပါ။ ကလီယိုဆိုတဲ့ ကလေးမလေးတစ်ယောက်နဲ့ သူ့ရဲ့ကလေးထိန်းဖြစ်သူဂလိုရီယာဆိုတဲ့မိန်းမကြီးတို့ကြားက မေတ္တာသံယောဇဉ်ကိုဖော်ကြူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဂလိုရီယာတစ်ယောက် မိခင်ဆုံးသွားပြီးတဲ့နောက် ကလီယိုတို့အိမ်ကနေမွေးရပ်မြေဖြစ်တဲ့ကမ်းခြေရွာလေးကိုပြန်ခဲ့ရပါတယ်။ကလေးမလေး ကလီယိုကလည်း ဂလိုရီယာကိုမခွဲနိုင်တာကြောင့် ရွာကိုအလည်လိုက်သွားခဲ့ပြီး ကလေးတစ်ယောက်ရဲ့ဖြူစင်တဲ့သံယောဇဉ်နှင့် ဂလိုရီယာပေါ်မှာထားတဲ့မေတ္တာတရားကို သဘာဝကျကျရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်ကွက်ဆိုတာထက် အနုပညာမြောက်တယ်လို့ပြောရင်ပိုမှန်ပါလိမ့်မယ်။သရုပ်ဆောင်တွေကလည်း တကယ်ကိုပီပြင်ကြပြီးတော့ ဇာတ်လမ်းတစ်ခုလုံးကို အေးအေးချမ်းချမ်းလေးကြည့်ရှုရမှာဖြစ်ပါတယ်။ မိသားစုလိုက်ကြည့်ဖို့ကောင်းတဲ့ကားလေးမို့ခံစားကြည့်ဖို့တိုက်တွန်းလိုပါတယ်။