Flat Blood HD

Flat Blood

Comedy Drama Romance HD 2024-04-10 8.3 0 Min

ဆင်းရဲတွင်းကနေ ကိုယ်ထူကိုယ်ထကြိုးစားလာခဲ့ကြတဲ့ နိုင်ငံအသီးသီးက နည်းပညာပညာရှင်နှစ်ဦးဖြစ်တဲ့ Priyansh နဲ့ Okoye တို့ဟာသူတို့ရဲ့အရည်အချင်းကြောင့် နယူးယောက်ရဲ့ နာမည်ကြီးကုမ္ပဏီတစ်ခုက ကမ်းလှမ်းခြင်းကိုခံခဲ့ရပြီး အလုပ်လုပ်ကြဖို့ နယူးယောက်ဆီ ပြောင်းရွှေ့လာခဲ့ကြပါတယ်။သူတို့နှစ်ဦးဟာ တန်ဖိုကြီးတိုက်ခန်းတစ်ခုတည်းမှာ အတူတူနေထိုင်ကြရပြီး နှစ်ဦးဟာအလွန်သင့်တင့်ကြတာကြောင့် အလွယ်တကူပဲရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်လာကြပါတယ်။အိန္ဒိယသား Priyansh က ဆိုက်ဘာလုံခြုံရေးပညာရှင်အဖြစ်လုပ်ရပြီး နိုင်ဂျီးရီးယားသားOkoye ကတော့ ဒေတာခွဲခြမ်းသူလုပ်ရပါတယ်။ သူတို့နှစ်ဦးသားဟာ အိမ်မှာ သောက်စားပျော်ပါးကြပြီးအချိန်ကုန်ဆုံးကြရင်း တစ်နေ့မှာတော့ Priyanshလိုင်းပေါ်ကရခဲ့တဲ့ချစ်သူရည်းစားဖြစ်သူ Camilla လို့ခေါ်တဲ့ကောင်မလေးက သူတို့အိမ်ကို အလည်ရောက်လာခဲ့ပါတယ်။ လိုင်းပေါ်ကချစ်သူဆိုတာ မယုံရကြောင်းPriyansh ကို Okoye ကသတိပေးထားစီးပါတယ်။ သို့သော်ငြားလည်း Priyanshက သူသေချာကြောင်းOkoye ကသာဘာမှမသိတဲ့သူဖြစ်ကြောင်း ပြောဆိုကာ Okoye ရဲ့စကားကို အလေးမထားခဲ့ပါဘူး။အဲဒီနောက်မှာတော့ ဘာဆက်ဖြစ်မလဲဆိုတာကို ဇာတ်ကားလေးကြည့်ရင်းသာရှာဖွေလိုက်ကြရအောင်ပါ။