The Hero HD

The Hero

Comedy HD 2025-07-23 1 0 Min

ဒီကားလေးကတော့ ဘဝကြီးက အိပ်မက်မဟုတ်ဘူး အိပ်မက်က ဘဝကြီးမဟုတ်လို့ ပျော်ရာမှာမနေနဲ့ တော်ရာမှာနေလို့ဖျောင်းဖျတဲ့သူတွေရှိကြတယ်မလား…အဲ့လိုလူတွေကို ဘဝက အိပ်မက်ထဲမှာရှင်သန်ပြီး အိပ်မက်ကို အကောင်အထည်ဖော်ဖို့ကြိုးစားတာကိုမှ ရှင်သန်ခြင်းလို့ ခေါ်တယ်လို့ ရဲရဲကြီးပြောနိုင်မယ့်ကားလေးပေါ့….ဇာတ်လမ်းလေးထဲမှာ…မနက် ၉ ည ၅ အလုပ်လုပ်နေတဲ့ သာမန်ကုမ္ပဏီဝန်ထမ်း မဟုတ်ဘူး စီမံခန့်ခွဲသူအဖြစ်တောင် ရာထူးတိုးခံရတဲ့ တုန်လုဆိုတဲ့တစ်ယောက်ကလေ… သူ့အလုပ်ကထွက်ပြီးတော့ …သူစိတ်ကူးပေါက်ရာပစ္စည်းတွေကို တီထွင်ဖို့ကြိုးစားနေလေရဲ့…သူတီထွင်တာလေးတွေက သိပ်မဆန်းလှပါဘူး…အစားထိုး ကလေးကို နို့တိုက်ပေးတဲ့ အမျိုးသမီးနို့တုတို့…အတူမြေမြှုပ်ပေးမယ့် မိသားစုဆုတောင်းသံကို အသံဖမ်းစက်တို့… အဲ့လိုမျိုးတွေပေါ့နော်…ဒီလိုနဲ့ပဲ သူ့အမျိုးသမီးနဲ့ သားလေးနဲ့တဖြည်းဖြည်းဝေးလာပြီးတော့…သားကျောင်းစရိတ် ၅ သောင်းရှာဖို့ မြေအောက်ခန်းမှာ နေတဲ့ လူတွေကို မောင်းထုတ်ဖို့ အလုပ်ရလာပါတော့တယ်…ကဲ ဒီလူထူးဆန်းကြီး ဘယ်လိုတွေထူးဆန်းပြီး ဘယ်လိုတွေ အဆင်ပြေမယ်ဆိုတာကို ပိတ်ကားပြင်မှာ စောင့်သာကြည့်ကြပါတော့နော်…