ရာမာနဲ့သူငယ်ချင်းတစ်စုဟာ အထက်တန်းလွှာအသိုင်းအဝိုင်းက လူငယ်တစ်စုဖြစ်ပြီး သူ့ချစ်သူဟောင်းကလယ်ရာနဲ့လက်ရှိရည်းစားဂျွိုင်းတို့ကိုအခဲမကြေသလိုအပြိုင်အဆိုင်လုပ်လေ့ရှိပါတယ်။ ကလယ်ရာနဲ့ဂျွိုင်းတို့က ခွေးအဆိုတဲ့ အမည်နဲ့ vlogအဖွဲ့ထောင်ထားပြီးသရဲခြောက်တယ်လို့နာမည်ကြီးတဲ့နေရာတွေမှာရိုက်ကူးတင်ဆက်လေ့ရှိသလို သူတို့ရဲ့ဗီဒီယိုတွေကလည်း အတော်အောင်မြင်ပါတယ်။အဲ့ဒါကြောင့်ပဲ ရာမာတို့တစ်စုဟာကလယ်ရာတို့နှစ်ယောက်သွားမယ့် ကျွန်းတစ်ကျွန်းပေါ်က အပန်းဖြေစခန်းတစ်ခုကို ဦးအောင်သွားပြီးvlog ရိုက်ဖို့ကြံပါတော့တယ်။အဲ့ဒီကျွန်းပေါ်မှာ လွန်ခဲ့တဲ့ ၁၃ လတုန်းက အစုအပြုံလိုက်လူသတ်မှုတစ်ခုဖြစ်ပြီး ရောက်သွားတဲ့သူတွေပြန်မလာနိုင်တဲ့အထိအခြောက်အလှန့်ကြမ်းတယ်လို့နာမည်ကြီးပါတယ်။တကယ်တမ်းသူတို့ရောက်သွားတဲ့အချိန်မှာတော့ အပန်းဖြေစခန်းဟာ ပုံမှန်အတိုင်းဖွင့်လှစ်နေပြီးသူတို့ကိုလည်းဖော်ဖော်ရွေရွေကြိုဆိုကြတဲ့အတွက် ဇဝေဇဝါဖြစ်သွားကြပေမယ့် ရောက်မှတော့မထူးဘူးဆိုပြီးဆက်နေဖို့ဆုံးဖြတ်လိုက်ချိန်မှာတော့မထင်မှတ်တဲ့အန္တရာယ်တွေက သူတို့ကိုစောင့်ကြိုနေပါတော့တယ်။ဒီကျွန်းဟာ တကယ်ပဲ သရဲခြောက်တာလား?အစုအပြုံလိုက်လူသတ်မှုဆိုတာတကယ်ပဲဖြစ်ခဲ့ရဲ့လား?အဲ့ဒီလိုနာမည်ကျော်ကျွန်းကနေ သူတို့ဘယ်လိုအသက်ရှင်လွတ်မြောက်အောင်ကြိုးစားကြမလဲ အစရှိတာတွေကိုသည်းထိတ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပါတယ်။