မန်နေဂျာ ဆာခါအိဟာ သူတို့ ကုမ္ပဏီအကျိုးအမြတ်ရဖို့အတွက် လုပ်ငန်းတွေကို လိုက်လံအကဲဖြတ်ရင်း ပိုကောင်းတဲ့လုပ်ငန်းအစီအစဉ်သစ်တွေကို ရေးဆွဲကာ မိတ်ဆက်ပေးနေတဲ့မန်နေဂျာတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာတော့ သူတို့ကုမ္ပဏီက အမေရိကားမှာရှိတဲ့ မွေးမြူရေးခြံကို လက်လွှဲယူလိုက်ပြီးထိုခြံကနေ အကျိုးအမြတ်များစွာရလာဖို့ မန်နေဂျာဆာခါအိကို ကျွမ်းကျင်ပညာရှင် ဝါဒါနဲ့အတူစေလွှတ်လိုက်ပါတယ်။ဒီလိုနဲ့ ဂျပန်ကနေ အမေရိကန်နိုင်ငံ မွန်တာနာက မွေးမြူရေးခြံကို ဂျပန်မျိုးစိတ်နွားမွေးမြူဖို့သွားရောက်စည်းရုံးစဉ် အတူလိုက်လာသူ ဝါဒါက မတော်တဆဖြစ်သွားတဲ့အတွက် ဆာခါအိတစ်ယောက်တည်း ခြံလုပ်ငန်းရဲ့ခေါင်းဆောင်နဲ့ငယ်သားများကို စည်းရုံးဖို့ ဖြစ်လာပါတော့တယ်။အဆင်မြင့်ကုမ္ပဏီက ကိန်းဂဏန်းတွေအပေါ်မှာပဲ အကဲဖြတ်ကာ အကျိုးအမြတ်တွက်ချက်သူမန်နေဂျာတစ်ယောက် မွေးမြူခြံကို ကိုယ်တိုင်ရောက်သွားတဲ့အခါမှာတော့ ခြံမှာရှိတဲ့သူတွေကိုစည်းရုံးဖို့ မလွယ်ကူမှန်း သိလာခဲ့ပါတယ်။ပေးအပ်တဲ့တာဝန်ကို အောင်မြင်အောင် လုပ်တတ်သူပီပီ ဆာခါအိတစ်ယောက် မွေးမြူခြံခေါင်းဆောင်နဲ့လုပ်သားတွေကို ဘယ်လိုဆွဲဆောင်စည်းရုံးသွားမလဲ…မွေးမြူရေးနဲ့ပတ်သက်ရင် ဘာတစ်ခုမှမသိတဲ့ ဆာခါအိကိုရော ခြံခေါင်းဆောင်နဲ့လုပ်သားတွေကဘယ်လိုတွေ ပညာပေးကြမလဲ…ဆာခါအိရဲ့ ကိုယ်ပိုင်ခံယူချက်စံနှုန်း သဘောထားတွေအပေါ် အမေရိကန် ကျေးလက်ကောင်းဘွိုင်တွေကဘယ်လိုလွှမ်းမိုးသွားကြမလဲဆိုတာ…ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုခံစားကြည့်လိုက်ပါနော် ..