တစ်နေ့မှာ ရော့ဒရီဂိုလို့ခေါ်တဲ့ အိမ်ထောင်ရှိပြီးသားအမျိုးသားတစ်ယောက်ဟာ သူ့ရဲ့တိတ်တိတ်ပုန်းချစ်သူဖြစ်တဲ့ ဆူဇဲနာနဲ့ လူခေါင်တဲ့ကျေးလက်ဒေသတစ်ခုကို လာခဲ့ပါတယ်စစချင်းမှာတော့ ချစ်သူနှစ်ယောက် ခိုးတွေ့ကြတဲ့ပုံစံမျိုးနဲ့ ခရီးထွက်သလိုပါပဲ။ဒါပေမဲ့ သူတို့တည်းမယ့် တည့်ခိုခန်းကိုရောက်တဲ့အချိန်မှာ တည်းခိုခန်းကခြောက်ကပ်နေတဲ့အပြင် အဲဒီမှာနေတဲ့ မန်နေဂျာကလွဲပြီး ကျန်တဲ့လူ ဘယ်သူမှမရှိပါဘူး။ဖြစ်ချင်တော့မန်နေဂျာကလည်း သူတို့ကို ညစာကျွေးပြီးနောက်ပိုင်းမှာ သူတို့သောက်မယ့်သောက်စရာထဲ အိပ်ဆေးခတ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ တည်းခိုခန်းမှာ မသမာမှုတွေတစ်ခုပြီးတစ်ခုမသင်္ကာစရာကောင်းလောက်အောင် ဆက်တိုက်ဖြစ်လာပါတော့တယ်။