HD
Five and a Half Love Stories in an Apartment in Vilnius, Lithuania
ဇာတ်ကားရဲ့ အဓိကဇာတ်အိမ်က Vilnius မြိုက Airbnb တိုက်ခန်းတစ်ခန်းမှာ နေထိုင်ခဲ့ကြတဲ့ နိုင်ငံခြားသား ၅ ဦးရဲ့ ချစ်ခြင်းမေတ္တာ၊ စိတ်ဒဏ်ရာနဲ့ ဘဝဖြတ်သန်းမှုတွေကို ပြသထားပါတယ်တိုက်ခန်းကို အလှည့်ကျငှားပြီး နေထိုင်ကြတဲ့ ဇာတ်ကောင်တွေရဲ့ ဘဝဇာတ်လမ်းတွေကို အခန်း ၅ ခန်းခွဲကာ ရိုက်ကူးထားပြီးတော့ Jolanta ဆိုတဲ့ သန့်ရှင်းရေးအမျိုးသမီးကဇာတ်လမ်းတွေကို ဆက်စပ်ပေးထားပါတယ်။– ပထမအခန်း: Meghan ဆိုတဲ့ ခင်ပွန်းနဲ့ ဆက်ဆံရေးအဆင်မပြေတဲ့ အိုင်ယာလန်အမျိုးသမီးက သူမရဲ့ညီမအတွက် ပွဲတစ်ခုကျင်းပရင်းအပျော်တမ်းဆွဲဆောင်မှုပုံစံကို ပြထားပါတယ်။– ဒုတိယအခန်း: Issa နဲ့ Galia ဆိုတဲ့ အစ္စရေးစုံတွဲက ကလေးမရနိုင်တဲ့ပြဿနာနဲ့ သူတိုရဲ့မိသားစုသမိုင်းကို ရှာဖွေရင်း ရုန်းကန်ကြရပုံကိုပြထားပါတယ်။– တတိယအခန်း: Philip ဆိုတဲ့ ဟန်ဂေရီ DJ က သူ့ရဲ့ Lithuanian အချစ်ဟောင်းနဲ့ ပြန်ဆုံဖို ကြိုးစားပုံကို ပြထားပါတယ်။– စတုတ္ထအခန်း: Mykolas ဆိုတဲ့ ဝတ်လစ်စလစ်အကသမားက သူ့ရဲ့ချစ်သူကို သဘောကျအောင် ကြိုးစားရင်း မမျှော်လင့်တဲ့ အခြေအနေတွေနဲ့ ကြုံခဲ့ရပုံကို ပြထားပါတယ်။– အခန်း ၅ ၁/၂: Jolanta ဆိုတဲ့ သန့်ရှင်းရေးအမျိုးသမီးကတိုက်ခန်းကို သန့်ရှင်းရင်းနဲ့ သူမရဲ့ကိုယ်ပိုင်ချစ်ဇာတ်လမ်းကို ကြုံလာရပုံကို ပြထားပါတယ်။