ဇာတ်လမ်းအကြောင်းအရာကတော့ အဓိကဇာတ်ဆောင် အန်နာဘဲလ်ဆိုတဲ့ ကောင်မလေးဟာမိဘတွေက အရမ်းချမ်းသာတော့သုံးဖြုန်းပြီးတော့လွတ်လွတ်လပ်လပ်ပျော်ပါးနေတတ်တဲ့သူမျိုးပါ။တစ်နေ့မှာ သူ မိဘတွေဆုံးသွားပြီးတော့အမွေတွေအကုန်လုံးကို သူတစ်ယောက်ထဲ ရလိုက်ပါတယ်။အဲ့တာနဲ့ မိဘတွေဆုံးသွားပြီးတဲ့နောက်အန်နာဘဲလ်အမွေရတဲ့ပိုက်ဆံတွေနဲ့ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရပါတော့တယ်။မိဘရှိတုန်းက ပျော်ပါးသောက်စားနေခဲ့တဲ့ အန်နာဘဲလ်တစ်ယောက်မိဘတွေ မရှိတော့ဘယ်လိုဆက်ပြီးရုန်းကန်မလဲ သူ့ရဲ့အချစ်ရေးကကော ဘယ်လိုတွေဖြစ်မလဲ ?ဘယ်လိုအခက်အခဲတွေ အလွဲတွေနဲ့ ကြုံရမလဲဆိုတာကို ကြည့်ရမဲ့ဇာတ်ကားလေးပါ။