Wengi Anak Mayit HD

Wengi Anak Mayit

Horror HD 2018-11-16 8.3 76 Min

ဒေဝီဟာ ခင်ပွန်းဖြစ်သူနဲ့အိမ်ထောင်ကွဲပြီးနောက် သူ့မိဘတွေဆီကနေ အိမ်ကြီးတစ်လုံးလက်ဆောင်ရခဲ့တဲ့အတွက်မြို့ပေါ်မှာ အိမ်ငှားမနေတော့ပဲ သမီးဖြစ်သူ ဘယ်လာနဲ့အတူနယ်ကအိမ်ကြီးကိုပြောင်းလာခဲ့ပါတယ်။အဲ့ဒီအိမ်ကြီးမှာအိမ်တော်ထိန်းအမျိုးသမီး ရတ်မီဆိုသူတစ်ဦးပဲရှိနေခဲ့ပြီး သူတို့ရောက်လာကတည်းက ခပ်တည်တည်တင်းတင်းဆက်ဆံတတ်ပါတယ်။အဲ့ဒီအိမ်ကြီးရဲ့လှေကားအောက်မှာပိတ်ထားတဲ့ အခန်းတစ်ခန်းရှိပြီး အဲ့ဒီအခန်းကိုဘယ်သူမှမဖွင့်ဖို့ ရတ်မီကတင်းတင်းကျပ်ကျပ်တားမြစ်ထားပေမယ့် ကလေးမလေးဘယ်လာအဲ့ဒီအခန်းထဲကိုဝင်ရောက်သွားမိပြီးတဲ့နောက် အိမ်ကြီးတစ်ခုလုံးမှာ ထူးခြားပြီးကြောက်မက်ဖွယ်ဖြစ်ရပ်တွေဖြစ်ပေါ်လာခဲ့ပါတော့တယ်။တကယ်တော့ အဲ့ဒီအိမ်ကြီးထဲက အဲ့ဒီအခန်းထဲကတစ်စုံတစ်ရာဟာ သူတို့သားအမိကိုစောင့်နေခဲ့တာဖြစ်ပြီးအခုချိန်မှာတော့ သူ့အလိုကျအခြေအနေအရပ်ရပ်ကိုစေစားတော့မှာပါ။ဒီလိုအနေအထားမှာ သူတို့သားအမိဘယ်သူ့အားကိုးနဲ့ရုန်းထွက်မလဲ?အိမ်တော်ထိန်းရတ်မီဟာ အားကိုးရမယ့်သူမျိုးလား?ဒါမှမဟုတ်သူတို့အပေါ်ဘယ်လိုအကြံအစည်မျိုးရှိနေမှာလဲ? ဆက်လက်ရှုစားကြပါ။