၀ရန်နဲ့မာယာတို့ဟာ အမျိုးသမီးချင်းလိင်တူချစ်သူစုံတွဲဖြစ်ပြီး တစ်နေ့မှာတော့ ၀ရန်ဆီကို သူတစ်ခါမှ အဆက်အဆံမရှိသလို၊ ရှိနေတယ်လို့တောင်မသိခဲ့ရတဲ့ အဒေါ်ရင်းဖြစ်သူဆီကနေအိမ်တစ်လုံးအမွေရလိုက်ပါတယ်။အဲ့ဒီလိုနဲ့ပဲ ၀ရန်နဲ့မာယာတို့နှစ်ယောက်ဟာ မြို့ပြကနေ ကျေးလက်တောနယ်ပိုင်းမှာရှိတဲ့ အိမ်ကြီးဆီကိုပြောင်းလာခဲ့ပြီး ဘ၀သစ်စဖို့ကြိုးစားခဲ့ကြပါတယ်။နဂိုကတည်းက စိတ်ဖိစီးမှုဝေဒနာအခံနဲ့၀ရန်ဟာ အိမ်ကြီးကိုအရောက်မှာ အိမ်မက်ဆိုးတွေ၊ မကောင်းတဲ့အာရုံတွေကို အမြင်ရစိပ်လာပြီးတဲ့နောက်ဒီအိမ်ကြီးနဲ့မြို့ခံတွေရဲ့ကျိန်စာသင့်သမိုင်းကြောင်းတွေကိုပါ တစ်ဖြည်းဖြည်းသိမြင်လာသလို အဲ့ဒါတွေအားလုံးရဲ့ ဗဟိုချက်ဟာ သူကိုယ်တိုင်ဖြစ်နေတယ်ဆိုတာကိုပါသိလိုက်ရပါတော့တယ်ဒီဖြစ်ရပ်ဆိုးတွေကိုစတင်စေခဲ့တဲ့ တရားခံက ဘယ်သူဖြစ်မလဲ?သူတစ်ခါမှမသိခဲ့ဖူးတဲ့ အဒေါ်ဖြစ်သူကရော သူ့အပေါ်ရိုးသားမှုရှိရဲ့လား?ဒီအခြေအနေတွေက လွတ်မြောက်အောင်သူတို့နှစ်ယောက် အချိန်မှီလွတ်မြောက်နိုင်ပါ့မလား အစရှိတာတွေကိုဆက်လက်ရှုစားကြပါ။