ဒရူးနဲ့ မေဆန်ဆိုတဲ့ သူစိမ်းနှစ်ဦးဟာ ဒိတ်တင်အက်ပ်တစ်ခုမှာ အတွဲဖြစ်လာပြီး အက်ပ်က စီစဥ်ပေးလိုက်တဲ့ စိတ်ကူးယဉ်ဆန်တဲ့ ပိတ်ရက်လေးတစ်ခုကို စတင်ဖို့ Lake Houseတစ်ခုမှာအတူနေဖို့ဖြစ်လာတယ်။ပထမဆုံးရောက်နေတဲ့နေ့မှာ သူတို့အတွက်တော့ ပြီးပြည့်စုံတဲ့ဒိတ်တစ်ခုဖြစ်ခဲ့ပေမဲ့ နောက်တစ်နေ့မနက်မှာ ထွက်ပေါက်မရှိတဲ့အိမ်ထဲမှာ ပိတ်လှောင်ခံထားရတာကိုသိရှိလိုက်ရပါတယ်။မမြင်ရတဲ့ အသံတစ်ခုက သူတို့ကို ထူးဆန်းတဲ့ဂိမ်းတွေ ကစားခိုင်းပြီး၊ သူတို့ရဲ့ လှုပ်ရှားမှုတိုင်းကို လျှို့ဝှက်စောင့်ကြည့်နေပါတယ်။ဒီဂိမ်းတွေဟာ တဖြည်းဖြည်း ပိုမိုအန္တရာယ်များလာပြီး၊ ဒရူးနဲ့မေဆန်တို့ရဲ့ယုံကြည်မှုနဲ့လျှို့ဝှက်ချက်တွေကို စမ်းသပ်တဲ့ အဆင့်ထိ ရောက်ရှိသွားပါတယ်။ဒီဂိမ်းတွေက ဘယ်လိုတွေဆော့ရမှာလဲ။ဂိမ်းမာစတာကရော ဘာအကြောင်းရင်းတွေကြောင့်သူတို့နှစ်ဦးကို တစ်အိမ်တည်းမှာ ပိတ်လှောင်ထားရတာလဲဆိုတာ ကြည့်ရှုရမှာပါ။