Toxic HD

Toxic

Drama HD 2025-03-24 7.278 99 Min

အသက် ၁၃ နှစ်အရွယ် မိန်းကလေး Marija ဟာ စက်မှုလုပ်ငန်းမြို့လေးတစ်မြို့မှာ အဖွားဖြစ်သူရယ် အဖေနဲ့အတူ နေဖို့ မိခင်က ပို့လိုက်လို့ ရောက်လာပါတယ်။ Marija ဟာ မွေးရာပါခြေထောက်တစ်ဖက် သိပ်မသန်တာကြောင့် ကျောင်းမှာ အနိုင်ကျင့်ခံရလေ့ရှိပြီး အဖေကလဲ တခြားမိန်းမနဲ့သာပျော်ပါးနေတာမလို့ ဘဝကို အထီးကျန်မှု၊ စိတ်ဖိစီးမှုတွေနဲ့ဖြတ်သန်းနေရသူပါ။Kristina ဆိုတဲ့ကောင်မလေး Marija ရဲ့ ဒီဇိုင်နာဘောင်းဘီကို ခိုးယူရာကနေ သူတို့နှစ်ဦး ရန်ဖြစ်ခဲ့ကြပေမယ့် တူညီတဲ့ ဘဝအခြေအနေတွေ ရည်မှန်းချက်တွေလွတ်မြောက်မှုတွေကို လိုချင်နေတဲ့ သူတို့ နှစ်ယောက်ဟာ မော်ဒယ် အေဂျင်စီတစ်ခုမှာ ပြန်လည်တွေ့ဆုံပြီး ခိုင်မာတဲ့ သူငယ်ချင်းဆက်ဆံရေးကို ရရှိသွားကြပါတယ်။နှစ်ဦးစလုံးဟာ ဒီမြို့နဲ့သူတို့ခံစားနေရတာကနေ လွတ်မြောက်ဖို့နဲ့ ပိုကောင်းတဲ့ ဘဝတစ်ခုကို ရရှိဖို့ အိပ်မက်ရှိကြပါတယ်။ ဒီလိုနဲ့ Marija လဲ Kristina တက်နေတဲ့ မော်ဒယ်လ်အဖြစ် အောင်မြင်ပြီးနိုင်ငံခြားရောက်သွားနိုင်မယ်ဆိုတဲ့ မက်လုံးတွေကို ပေးထားတဲ့ကျောင်းကို လိုက်တက်ပြီး Marija နဲ့ Kristina တို့ဟာ သူတို့ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် သူတို့ဟာမော်ဒယ်သင်တန်းကျောင်းရဲ့ လမ်းညွှန်မှုအောက်မှာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ အစွန်းရောက်နည်းတွေနဲ့ ပြုလုပ်ခဲ့ရပြီး လိင်အမြတ်ထုတ်ခံတာတွေကိုလည်းတွေ့ကြုံလာရပါတယ်။Kristina က ကိုယ်အလေးချိန်ကျဖို့အတွက် တုတ်ပြားကောင်ဆေးတွေကို ဆက်လက်သောက်သုံးနေပြီး Marija ကတော့ သူမရဲ့ လမ်းလျှောက်ပုံကို ပြင်ဆင်ဖို့ကြိုးစားနေပါတယ်။ နောက်ဆုံးမှာ Marija အမေကပြန်လာခေါ်ပေမယ့် Marija ကပြန်လိုက်မသွားဘဲ မော်ဒယ်လ်လောကမှာပဲ ရှေ့ဆက်ဖို့ ဆုံးဖြတ်ခဲ့လိုက်ပြီး သူ့သူငယ်ချင်းနဲ့ပဲ လမ်းမပေါ်မှာလှုပ်ရှားနေတာနဲ့အဆုံးသတ်လိုက်ပြီး သူ့ဆုံးဖြတ်ချက်က သူ့ဘဝတစ်ခုလုံးကို ဘယ်လိုသက်ရောက်သွားမလဲ သူအောင်မြင်ပြီးပိုကောင်းမွန်တဲ့ဘဝကိုရောက်သွားမှာလားအဆိပ်အတောက်တွေပြည့်နေတဲ့ ဒီလောကဒီမြို့ငယ်လေးမှာပဲ ပိတ်မိနေမလားဆိုတာကတော့ ပရိတ်သတ်တွေကို တွေးသွားစေမယ့်ကားလေးပဲဖြစ်ပါတယ်။