Hallow Road HD

Hallow Road

Drama Horror Thriller HD 2025-04-16 6.5 80 Min

မက်ဒီနဲ့ဖရန့်ခ်တို့ဟာ သန်းခေါင်ယံညတစ်ညမှာ သမီးဖြစ်သူဆီက ဖုန်းခေါ်ဆိုမှုကိုလက်ခံရရှိခဲ့ပါတယ်။ဆိုလိုရင်းကတော့ သူဟာ အက်ရှ်ဖော့ခ်လို့ခေါ်တဲ့ တောအုပ်တစ်ခုထဲမှာလမ်းသွားလမ်းလာတစ်ယောက်ကိုကားနဲ့တိုက်မိထားတယ်။အဲ့ဒါကြောင့် သူတို့နှစ်ယောက်ကိုအမြန်လာခဲ့ဖို့ပါပဲ။ ဆေးဘက်ဝန်ထမ်းတစ်ဦးဖြစ်တဲ့ မက်ဒီဟာ လူနာဖြစ်သူကိုပြန်သတိဝင်အောင်ပြုစုဖို့တစ်လမ်းလုံး သမီးဖြစ်သူကိုဖုန်းနဲ့ညွှန်ကြားလာခဲ့ပါတယ်။တစ်ဖက်ကလည်း သူ့သမီးဖြစ်သူကို အနိဌာရုံတွေ မမြင်မကြုံစေချင်တဲ့သူ့ဖခင်နဲ့အငြင်းအခုန်ဖြစ်လာခဲ့ပါတယ်။ဒါပေမယ့်လည်း သိပ်မဝေးလှတဲ့ခရီးကို သူတို့က တော်ရုံနဲ့မရောက်နိုင်သလို သူ့သမီးဘက်ကအခြေအနေတွေမှာလည်းထူးခြားမှုတွေတစ်ခုပြီးတစ်ခုကြုံလာရချိန်မှာတော့အနေအထားက ပုံမှန်မဟုတ်တော့ဘူးဆိုတာနှစ်ယောက်လုံး ရိပ်မိစပြုလာပါတော့တယ်။Gone Girl ထဲမှာအချစ်တတ်ဆုံးမိန်းမတစ်ယောက်အဖြစ်ပါဝင်ခဲ့တဲ့ မမကြီး Rosamund Pike ရဲ့ Thriller ကားသစ်ဖြစ်ပါတယ်။ဇာတ်လမ်းဖွဲ့စည်းပုံရော၊ တင်ဆက်ပုံပါထူးခြားဆန်းသစ်ပြီး ရင်တထိတ်ထိတ်နဲ့ရှုစားရမှာပါ။