Cape Cod မှ ရှေ့နေတစ်ယောက်ဖြစ်သူ အဲလိယက်ကမ့်ဘဲဟာ သမီး ဆုံးရှုံးထားရသူဖြစ်ပါတယ် ..သားသမီးနောက်တစ်ယောက် မွေးဖို့ ဖျောင်းဖျကြသော်လည်း လက်မခံဘဲ ခေါင်းမာစွာနဲ့ပရိဝေဒမီးကိုသာ ပြင်းစွာခံစားနေသူဖြစ်ပြီး အလုပ်အကိုင်ပျက်ရတဲ့အထိဖြစ်နေသူ အဲလိယက်ဟာ တစ်နေ့မှာတော့ ခရီးထွက်ဖို့ ပြင်ဆင်နေစဉ် အိမ်မက်ဆန်ဆန် လျှို့ဝှက်ဆန်းကြယ်တဲ့ကျွန်းတစ်ကျွန်းသို့ရောက်ရှိသွားခဲ့ပါတယ်…ထိုကျွန်းမှာ ဆုံခဲ့ရသူ လူထူးဆန်းနဲ့ စကားပြောကြရင်း သေဆုံးသွားနှင့်ပြီဖြစ်သော သမီးနှင့် ပေါင်းစည်းဖို့ ကြိုးစားရာ သူ့ဝိဉာဉ်ကိုရင်းနှီးရမဲ့အဖြစ်ကြုံခဲ့ရပါတယ်…အဲလိယက်တစ်ယောက် တမလွန်က သူ့သမီးနဲ့ ဆုံဆည်းနိုင်မလားဆိုတာကိုတော့ ဒီဇာတ်ကားထဲမှာပဲ အဖြေရှာကြည့်ရမှာပါ..ဒီကားမှာဆိုရင် ဖခင်တစ်ယောက်ရဲ့ ပူဆွေးမှုကို အရင်းခံပြီး ကြောက်မက်ထိတ်လန့်ဖွယ် ဇာတ်ဝင်ခန်းများနှင့် ချိတ်ဆက်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်ခင်ဗျာ…