Dead Hand FHD

Dead Hand

Action FHD 2024-05-24 3.5 92 Min

ဒါရိုက်တာ John Francis McCullagh ရဲ့ဖန်တီးမှုအသစ်ဖြစ်တဲ့ Dead Hand (2024)ဟာ အက်ရှင်၊ ဟာသနဲ့ ကိုယ်ခံပညာကို ပေါင်းစပ်ထားတဲ့ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်ဒီဇာတ်ကားမှာ ဒါရိုက်တာ ကိုယ်တိုင် အဓိကဇာတ်ကောင်အဖြစ် ပါဝင်ထားသလို Brandon Yates, Angel Rodriguez, Josh Weinstein နဲ့Kristin Keith တို့ကလည်းအားဖြည့်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အစိုးရအေးဂျင့်တစ်ဦးနဲ့ ရာဇဝတ်ဂိုဏ်းဝင်တစ်ဦးတို့ ပူးပေါင်းပြီး ကမ္ဘာကို ခြိမ်းခြောက်နေတဲ့ အန္တရာယ်တစ်ခုကိုတိုက်ထုတ်ရတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။အေးဂျင့် Owen Flynn (John Francis McCullagh)ဟာ နျူကလီးယားစွမ်းအင်ရယူဖို့ ကြိုးစားနေတဲ့ နိုင်ငံတကာအကြမ်းဖက်သမားကိုတားဆီးဖို့အတွက်ရာဇဝတ်ဂိုဏ်းဝင် Johnny Mai နဲ့ လက်တွဲရပါတော့တယ်။ စရိုက်မတူညီတဲ့ ဒီဇာတ်ကောင်နှစ်ဦးဟာ အစပိုင်းမှာ သဘောထားချင်းမတိုက်ဆိုင်ပေမဲ့ နောက်ပိုင်းမှာတော့ မထင်မှတ်ထားတဲ့အခြေအနေတွေကြောင့် ပူးပေါင်းပြီး အတူတိုက်ခိုက်ရတာကို စိတ်လှုပ်ရှားဖွယ် တွေ့မြင်ရမှာပါ။၁၉၈၀ ပြည့်လွန်နှစ်တွေက အက်ရှင်ကားဟောင်းတွေကို သတိရစေမယ့် ပုံစံမျိုးနဲ့ရိုက်ကူးထားပြီး၊တမူထူးခြားတဲ့ ကိုယ်ခံပညာတိုက်ခိုက်ခန်းတွေ၊ ပေါ့ပါးတဲ့ဟာသတွေနဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်ကွက်တွေကို ဒီဇာတ်ကားမှာ အပြည့်အဝခံစားနိုင်မှာ