Argentinian Thriller ဇာတ်ကားတစ်ကားဖြစ်တဲ့ ဒီဇာတ်ကားလေးဟာ ၂၀၂၄ ခုနှစ်တုန်းက ထွက်ရှိခဲ့တာဖြစ်ပြီးတော့ဒါရိုက်တာ Daniel Casabe နဲ့ Edgardo Dieleke တို့ကရိုက်ကူးထားပါတယ်။အဓိကဇာတ်ကောင်တွေအဖြစ် Katja Alemann, Juan Carrasco, Edgardo Castro, Cachi Bratoz စတဲ့ သရုပ်ဆောင်တွေက ပါဝင်ပေးထားပါတယ်ဇာတ်လမ်းအကျဉ်းကတော့ အမဲလိုက်ခွေးလို့ နာမည်ပြောင်ရထားတဲ့ ပုဂ္ဂလိကစုံထောက် ဗီလာဖန်နက်ဇ်ဟာ အကဆရာမ အယ်လ်ဗီရာကိုနောက်ယောင်ခံလိုက်ဖို့အတွက်အလုပ်ရလာပါတယ်။စုံစမ်းစစ်ဆေးမှု နက်နဲလာတာနဲ့အမျှ သူ့ရဲ့ပရော်ဖက်ရှင်နယ်ဆန်မှုဟာ တဖြည်းဖြည်းပျက်ဆီးလာပြီးတော့ စုံစမ်းစစ်ဆေးမှုကနေ စွဲလမ်းမှုဖြစ်လာပါတယ်။ဒီဇာတ်ကားလေးကသာမန်ကြည့်နေကျ စုံထောက်ဇာတ်လမ်းမျိုးလိုမဟုတ်ပဲ စိတ်ပညာဘက်ကို ပိုအလေးပေးထားပြီး အထီးကျန်မှူ၊စွဲလမ်းမှုတို့ကို ထူးထူးခြားခြားနဲ့ ပုံဖော်ထားပါတယ်။များများတွေးရတဲ့လေးလေးနက်နက်ရုပ်ရှင်ဇာတ်ကားမျိုးကို ကြည့်ရှုချင်တဲ့ပရိသတ်တွေ ကြိုက်နှစ်သက်မယ့် ဇာတ်ကားမျိုးဖြစ်ပြီးတော့နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ဆုရရှိထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။