အသစ်ထွက်ထားတဲ့ တေလေဂူးစကားပြော နိုင်ငံရေး၊ အက်ရှင်ဒရာမာ ရုပ်ရှင်တစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။အာဂျွန်နဲ့ သူငယ်ချင်းတစ်စုဟာ မတူတဲ့အကျင့်တွေရှိကြတဲ့ နှစ်ချို့အင်ဂျင်နီယာကျောင်းသားတွေဖြစ်ပါတယ်။အကျင့်တစ်ခုစီ မတူကြပေမဲ့ အရက်သောက်တဲ့နေရာမှာ လူညီကြတာကြောင့်သူတို့အဖွဲ့ဟာ အမြဲတမ်းတတွဲတွဲပါပဲ။သူတို့ထဲမှာ ခေါင်းဆောင်လို့ပြောလို့ရတဲ့ ဇာတ်လိုက်အာဂျွန်ဟာ ကိုယ်နဲ့မဆိုင်လာသရွေ့ ဘာကိုမှဂရုမစိုက်တတ်ပေမဲ့ ဆိုင်လာခဲ့ရင်တော့ အဆုံးထိဝင်ပါတတ်တဲ့စရိုက်ရှိသူပါ။အဲဒီလို အရက်သောက်တာကလွဲပြီး ကောလိပ်မှာအလေပဲလိုက်နေတဲ့ သူတို့အဖွဲ့ဟာ သူတို့ကောလိပ်ကိုကာကွယ်ဖို့အတွက် အင်အားကြီး နိုင်ငံရေးပါတီတစ်ခုနဲ့ ရင်ဆိုင်ဖို့ဖြစ်လာတဲ့အခါမှာတော့…။