Radio Star HD

Radio Star

Comedy Drama HD 2006-09-27 7 115 Min

တစ်ချိန်က ထိပ်တန်း‌ရော့ခ်အဆိုတော်တစ်ယောက်ဖြစ်ခဲ့တဲ့ ချွဲဂွန်း(Park Joong Hoon)ဟာ အောင်မြင်မှုကို သေချာမထိန်းသိမ်းဘဲစိတ်ထင်ရာနေခဲ့တာကြောင့် လက်ရှိမှာတော့ ကော်ဖီဆိုင်တစ်ခုမှာ သီချင်းဆိုနေရပါတယ်။တစ်နေ့မှာတော့ ချွဲဂွန်းဟာ ကော်ဖီဆိုင်ပိုင်ရှင်နဲ့ အငြင်းပွားရင်း လက်သီးနဲ့ထိုးလိုက်တာကြောင့် အချုပ်ကျသွားပါတော့တယ်။အဲဒါကြောင့် ချွဲဂွန်းရဲ့ နှစ်၂၀ကြာ သစ္စာရှိမန်နေဂျာဖြစ်တဲ့ ဘတ်မင်ဆူ (Ahn Sung Ki)ဟာ ချွဲဂွန်းကို အာမခံနဲ့ထုတ်ပေးနိုင်ဖို့အတွက်ရေဒီယိုအသံလွှင့်ဌာနရဲ့ဒါရိုက်တာနဲ့ အပေးအယူတစ်ခုလုပ်ရပါတော့တယ်။အဲဒီအပေးအယူကတော့ ယောင်းဝေါလ်ဆိုတဲ့နယ်မြို့လေးမှာ ချွဲဂွန်းကို ရေဒီယိုဒီဂျေအဖြစ် လုပ်ခိုင်းတာပါပဲ။အဲဒီလိုနဲ့ နယ်ဘက်မှာ ရေဒီယို‌‌ဒီဂျေမလုပ်ချင်ပေမဲ့ကိုယ်တိုင်ရဲ့လက်ရှိအခြေအနေကြောင့်လက်ခံလိုက်ရတဲ့ ချွဲဂွန်းတစ်ယောက်အရင်လို ပြန်အဆင်ပြေလာနိုင်ပါ့မလား။ မန်နေဂျာကြီးနဲ့ နှစ်ယောက်သားတွဲဖက်ညီညီ ဘယ်လိုတွေ ရင်ဆိုင်ဖြေရှင်းသွားကြမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦးနော်