ဂျီအွန်း (Song Joong-ki) က တစ်ပတ်ပြီးတစ်ပတ် ဘဝကို ပေါ့ပေါ့ပါးပါး နေထိုင်နေတဲ့တက္ကသိုလ်မှဘွဲ့ရခါစ ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ အမြဲအမေ ပို့ပေးနေတဲ့ ပိုက်ဆံအပေါ်မှာပဲ ရပ်တည်နေတာဖြစ်ပြီးတော့ တစ်နေ့မှာ အမေဖြစ်သူဟာ ကိစ္စတစ်ခုကြောင့်ပိုက်ဆံထောက်ပံ့မှုကိုရပ်တန့်လိုက်ပါတော့တယ်။သူရဲ့ အိမ်နီးချင်းဖြစ်သူ ဟုန်ရှီး(Han Ye-seul) ကတော့ ဂျီအွန်းနဲ့ပြောင်းပြန်ဖြစ်ပြီးတော့ တစ်နေ့တစ်နေ့ ဘယ်လိုပိုက်ဆံရမလဲဆိုတာရယ်၊ဘယ်လိုပိုက်ဆံစုရမလဲဆိုတာကိုပဲ တွေးနေတတ်တဲ့သူပါ။သံအလွတ်ပစ္စည်းရောင်းတာကစပြီး ကူပွန်၊ ပရိုမိုးရှင်း တစ်ခုမလွတ်စုဆောင်းတာတွေကိုလုပ်တဲ့အထိ ပိုက်ဆံကို တစ်စမှ မသုံးတဲ့သူပဲဖြစ်ပါတယ်။တစ်နေ့ ဂျီအွန်းက ငွေလိုအပ်လာတဲ့အခါ ဟုန်ရှီးက သူ့ကို အလုပ်တွေလိုက်ကူလုပ်ပေးရင် ရလာတဲ့ငွေတွေထဲကတစ်စိတ် တစ်ပိုင်းကို မျှဝေမယ်လို့ ကမ်းလှမ်းလာပါတော့တယ်။အဲဒီနောက်မှာ သူတို့က သံအလွတ် စုတာကစပြီး ဝင်ငွေရတဲ့အလုပ်မှန်သမျှကို လုပ်ပါတော့တယ်။အချိန်ကာလ တိုးလာတာနဲ့အမျှ ဂျီအွန်းက သူမရဲ့ ငွေစုစည်းမှုစည်းကမ်းကိုတန်ဖိုးထားတတ်လာတဲ့အပြင်ဟုန်ရှီးကလည်း သူမရဲ့ ရင်တွင်းခံစားချက်တွေကိုရင်ဖွင့်လာပါတော့တယ်။ဒါပေမဲ့ ဂျီအွန်းက သူမရဲ့ အရူးလို ငွေကြေးစုဆောင်းနေရတဲ့ နောက်ကွယ်က အကြောင်းအရင်းကိုသိသွားချိန်မှာတော့…ဟုန်ရှီးတစ်ယောက် ဘာလို့ အရူးတစ်ယောက်လို ပိုက်ဆံကို စုစည်းနေရတာလဲဂျီအွန်းနဲ့ ဟုန်ရှီးတစ်ယောက်ရော ပြန်အဆင်ပြေသွားပါ့မလား ဆိုတာကိုတော့ ဒီဇာတ်ကားလေးမှတဆင့် ဝင်ရောက်ကြည့်ရှု့ကြပါဦးနော်။