အစာကွင်းဆက်ရဲ့ထိပ်ဆုံးမှာ ကျားတို့၊ ခြင်္သေ့တို့လို အင်အားကြီးသတ္တဝါတွေရှိကြတယ်။ စီးပွားရေးလောကမှာလည်း အဲဒီလိုပဲ။ အောက်ခြေမှာ အခြေခံအလုပ်သမားတွေရှိတယ်။သူတို့ကိုစီမံရတဲ့ ဝန်ထမ်းတွေရှိတယ်။ အဲဒီအပေါ်မှာမှ ဒါရိုက်တာတွေရှိပြီး၊ ဒါရိုက်တာတွေကို ဒုက္ကဌ… နောက်ပြီး ဥက္ကဌကနေ အဆင့်ဆင့်အုပ်ချုပ်တယ်။“ထရက်ဝေး”လုပ်ငန်းစုဆိုတာနိုင်ငံထဲက တတိယအကြီးဆုံး ပရိဘောဂကုမ္ပဏီဆိုတဲ့နာမည်ကိုရထားတဲ့ အောင်မြင်နေပြီးသားကုမ္ပဏီတစ်ခုပါ။ ဒါပေမဲ့ သူတိုကုမ္ပဏီမှာ ဒုဥက္ကဌရာထူးယူထားတဲ့သူမရှိဘဲဒါရိုက်တာဘုတ်အဖွဲ့ကို ဥက္ကဌက တိုက်ရိုက်အုပ်ချုပ်နေခဲ့တယ်။အဲဒီလို တစ်ဦးတည်းအုပ်ချုပ်တဲ့ကုမ္ပဏီမှာ ဥက္ကဌဖြစ်သူ ရုတ်တရက်ကွယ်လွန်သွားပြီလို့ သတင်းတွေထွက်လာတဲ့အခါမှာတော့ ဒါရိုက်တာတွေကြားမှာ အားပြိုင်မှုတွေဖြစ်လာပြီးဥက္ကဌနေရာကို ဝင်ယူနိုင်ဖို့ကြိုးစားကြပုံတွေနဲ့အတူ စီးပွားရေးလောကထဲက လှည့်ကွက်တွေ၊ အရှုပ်အထွေးတွေကို ဒီရုပ်ရှင်ထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်။