2008 ခုနှစ်က ထွက်ရှိခဲ့တဲ့ တေလေဂူးစကားပြော ဟာသအက်ရှင်ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။လက်ရှိမှာ အန်ဒရာပရာဒေ့ရှ်ပြည်နယ်ရဲ့ ၁၁ ယောက်မြောက်ဒုပြည်နယ်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့တေလေဂူးမင်းသားကြီး ပါဝမ်ကာလျန်က ဒီရုပ်ရှင်ရဲ့ဇာတ်လိုက်နေရာကနေ သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့ မာစတာဘွဲ့သုံးခုရထားပြီးပေမဲ့ ပညာသင်ရတာမဝသေးလို့ကျောင်းဆက်တက်နေတဲ့ကျောင်းသားလူကြီး ဆန်ဂျေးဟာ အလုပ်မရှိလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ရည်းစားကလမ်းခွဲတာခံလိုက်ရပါတယ်။ကျောင်းတက်နေသလို တစ်ဖက်တလမ်းကလည်း ကွန်ဖူးဆရာလုပ်နေတဲ့ဆန်ဂျေးဟာ လမ်းခွဲခံရပေမဲ့အသည်းမကွဲတဲ့အပြင် ရည်းစားဟောင်းရဲ့မင်္ဂလာဆောင်မှာပါ ဘော်ဒါတစ်အုပ်ခေါ်သွားပြီး တစ်ဖြဲနှစ်စားနိုင်တဲ့ထိ အသည်းမာတဲ့သူပါ။အဲဒီလိုအသည်းမာတဲ့ဆန်ဂျေးရဲ့ဘဝထဲကို ကလက်တက်တက်ကောင်မလေးနှစ်ယောက် ပြဿနာတွေနဲ့အတူရောက်လာတဲ့အချိန်မှာတော့…။ကွန်ဖူးဆရာကျောင်းသားလူကြီးလေး ဆန်ဂျေးရဲ့အချစ်စွန့်စားခန်းတွေကို ဒီရုပ်ရှင်ထဲမှာမြင်တွေ့ခံစားကြရမှာဖြစ်ပါတယ်…။