ဒီကားလေးဟာဆိုရင် ၁၉၂၇ ခုနှစ် အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ကူးခဲ့တဲ့ ပထမဆုံးဗြိတိသျှ အမျိုးသမီး ရေကူးသမား Mercedes Gleitze ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအခြေတည်ထားပါတယ်။Elliott Hasler က ရေးသားခဲ့ပြီးတော့ ဒါရိုက်တာအဖြစ်လည်း တာဝန်ယူထားတယ်။ Kirsten Callaghan က အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ထားပါတယ်ရည်မှန်းချက်ကြီးမားတဲ့ အမျိုးသမီးရေကူးသမားတစ်ဦးရဲ့ ဘဝခရီးကို လှပစွာရိုက်ကူးထားပြီးတော့ လူမှုရေး၊ ကျားမတန်းတူညီမျှမှုနဲ့ လောကဓံအတက်အကျတွေကို မီးမောင်းထိုးပြထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။