ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ဒရာမာနဲ့ ဟာဟလေး ရောနှောထားတဲ့ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းရဲ့အစမှာတော့ အစ်ကိုကြီးကထောင်ထဲထွက်ခါနီးမှာအပြင်မှာရှိတဲ့ညီမလေးရဲ့ ကလေးလေးတွေအတွက်နာမည်စဉ်းရာကနေအစချီထားပါတယ်။ ငယ်ငယ်ကတည်းက အဖေကစွန့်ပစ်ပြီး အမေကပါ စိတ်ဓာတ်တွေကျပြီး သေဆုံးသွားခဲ့ပါတယ်။ဒီလိုနဲ့ပဲ အစ်ကိုကြီးအဖရာဆိုတဲ့အတိုင်းညီမလေးကိုခေါင်းစခြေဆုံး ပိုးမွေးသလိုမွေးပြီး စောင့်ရှောက်လာခဲ့ပါတယ်။တစ်နေ့မှာတော့ ညီမလေးသူငယ်ချင်းတစ်ယောက်ရဲ့ မင်္ဂလာဆောင်ကိုသွားရင်း ယူအက်စ်က သူဌေးသားလေးဆန်တိုရှ်နဲ့ စတွေ့ပြီး သူတိုနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကစတင်ပါတော့တယ်။ဇာတ်လမ်းလေးထဲမှာ ဆန်တိုရှ်က မင်းသမီးလေးကို အစ်ကိုကြီးလက်ထဲကနေရအောင်ဘယ်လိုတွေကြိုးစားပြသွားမလဲဆိုတာကိုအချစ်၊ ဟာသ၊ အစ်ကိုတစ်ယောက်ရဲ့ ညီမလေးအပေါ်ထားတဲ့ သံယောဇဉ်တွေကို သေချာလေးမြင်သာအောင်ရိုက်ပြထားပါတယ်။