The Trouble with Jessica FHD

The Trouble with Jessica

Comedy Drama FHD 2024-04-05 6.08 89 Min

ဒီဇာတ်ကားဟာ Comedy အမျိုးအစားဇာတ်ကားဖြစ်ပြီး Dinard British Film Festival နဲ့ 1.4 Awards တို့မှာ ၂၀၂၃ ခုနှစ်အတွက် Best Filmဆု ၂ ခုရခဲ့တဲ့ကားဖြစ်လို့အနုပညာမှတ်ကျောက်တချို့ရှိပြီးသားကားလည်းဖြစ်ပါတယ်….တွမ်နဲ့ဆာရာတို့ဟာ ကြွေးမြီပြဿနာကြောင့် အရာရာဆုံးရှုံးရတော့မလိုဖြစ်နေတဲ့ဇနီးမောင်နှံဖြစ်ပါတယ်..နေအိမ်ကိုရောင်းချပြီး အကြွေးပြဿနာဖြေရှင်းဖို့ မလုပ်ဖြစ်ခင်မှာ နေအိမ်အတွင်း သူငယ်ချင်းတချို့နဲ့ သာမန်ညစာစားပွဲလေးကျင်းပဖို့စီစဉ်ထားရာမမျှော်လင့်ထားသူတစ်ယောက်လည်း ဧည့်သည်အဖြစ်ရောက်ရှိလာခဲ့ပါတယ်…၎င်းဧည့်သည်ဖြစ်သူ ဂျက်စီကာဟာ စာအုပ်ရေးထုတ်ဖူးသူဖြစ်ပြီး ရောင်းအားအကောင်းဆုံး စာအုပ်စာရင်းဝင်စာအုပ်ရဲ့ စာရေးသူဖြစ်ပါတယ် …ညစာစားပွဲမှာလည်း ဂျက်စီကာဟာ တွမ်နဲ့အခြားဧည့်သည်တစ်ယောက်ဖြစ်သူ အိမ်ထောင်သည် ရစ်ချာ့ဒ်တို့ကို ဇနီးများရှေ့မှာတင် အီစီကလီလုပ်ရင်း၎င်းဇနီးများနဲ့ အချေအတင်ဖြစ်ကာ မမျှော်လင့်ထားတဲ့ အခိုက်အတန့်အရောက်လည်ပင်းကြိုးကွင်းနဲ့ ဂျက်စီကာ့ကို သစ်ပင်မှာချိတ်ဆွဲလျက် တွေ့ရပြီးတဲ့နောက်မှာတော့…