ရူ (Shin Ha-Kyun) မှာ ကျောက်ကပ်ရောဂါသည် အစ်မတစ်ယောက်ရှိပြီး အစ်မဖြစ်သူကိုကျောက်ကပ်အစားထိုးပေးဖို့ ကြိုးစားပေမဲ့ ကိုက်ညီတဲ့အလှူရှင်ကိုရှာမတွေ့နိုင်ဖြစ်နေတဲ့အချိန်စိတ်လောနေတဲ့ ရူလည်း သူ တစ်သက်လုံး စုဆောင်းလာခဲ့တဲ့ ပိုက်ဆံ သိန်း ၁၀၀ နဲ့ တရားမဝင်ကိုယ်တွင်းအင်္ဂါရောင်းဝယ်ရေးအဖွဲ့အစည်းကနေ ကျောက်ကပ်ကိုဝယ်ယူဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ဖြစ်ချင်တော့ အဲဒီအဖွဲ့အစည်းရဲ့ သူဌေးမဆီမှာ အလိမ်ခံလိုက်ရတဲ့အပြင် သူ့ရဲ့ကျောက်ကပ်တစ်လုံးကိုပါထုတ်ယူခံလိုက်ရပါတော့တယ်။ အဲဒီအချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင် ဆေးရုံကနေ ကိုက်ညီတဲ့အလှူရှင်ပေါ်လာပြီဖြစ်ကြောင်း အကြောင်းကြားလာပါတယ်… ဒါပေမဲ့ ခွဲစိတ်စရိတ်က သိန်း ၁၀၀ ပါတဲ့…မရှိမဲ့ရှိမဲ့ ပိုက်ဆံတွေ အကုန်လုံးအလိမ်ခံလိုက်ရတဲ့ ရူလည်း မတတ်သာတဲ့အဆုံး သူ့ရဲ့ ချစ်သူချာယောင်းမီ (Bae Doo-Na) နဲ့အတူ စက်မှုလုပ်ငန်းရှင် သူဌေးဘတ် (Song Kang-Ho) ရဲ့ သမီးလေးကိုပြန်ပေးဆွဲပြီး ခွဲစိတ်စရိတ်သိန်း ၁၀၀ အပါအဝင် သိန်း ၂၆၀ တောင်းဖို့ စီစဉ်လိုက်ကြတဲ့အခါမှာတော့…ရူတစ်ယောက် သူဖြစ်ချင်သလို သိန်း ၁၀၀ ကို ရပြီး အစ်မဖြစ်သူကိုကယ်တင်ပေးနိုင်မလား…..သူဌေးဘတ်ကလည်း သမီးလေးကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်လာနိုင်ပါ့မလားဆိုတာကိုတော့ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ရှုစားပေးကြပါဦး။