Rowdy HD

Rowdy

Action Romance HD 2014-04-04 5 114 Min

IMDb – 5.6/10 ၂၀၁၄ခုနှစ်က ထွက်ရှိခဲ့တဲ့ တလေဂူးအက်ရှင်ဇာတ်အကြမ်းစားရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ကျေးညီနောင်ဇာတ်လမ်းကို လူတိုင်းကြားဖူးကြမှာပါ။သူခိုးဓားပြတွေဆီရောက်သွားတဲ့ ကျေးငှက်က ဆိုးသွမ်းသွားသလိုဓမ္မလမ်းစဉ်လိုက်တဲ့ရသေ့တွေဆီရောက်တဲ့ ကျေးငှက် ဓမ္မဘက်ကိုရောက်သွားခဲ့တာလေ။ ဒီဇာတ်လမ်းမှာလည်းဖြောင့်မှတ်မှန်ကန်ပါတယ်ဆိုတဲ့ အဖေဖြစ်သူရဲ့သားနှစ်ယောက်ဖြစ်တဲ့ ဘူရှန်နဲ့ခရစ်ရှ်နာတို့ ညီကိုနှစ်ယောက်ကြားကကွာဟချက်ကို ထင်ထင်လင်းလင်းယှဉ်ပြထားပါတယ်။ မတရားမှုမှန်သမျှကို ဝင်ပါပြီး ရှင်းတတ်တဲ့ ညီငယ်ခရစ်ရှ်နာ၊ဆိုးယုတ်မှုမှန်သမျှကို လုပ်တတ်တဲ့ အစ်ကိုကြီးဘူရှန်။သူတို့နှစ်ယောက်ကြားက အားပြိုင်မှုကို ဇာတ်အလှည့်အပြောင်းတွေနဲ့စိတ်ဝင်စားစရာတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။