Ibbani Tabbida Ileyali HD

Ibbani Tabbida Ileyali

Romance HD 2024-09-05 8 160 Min

အချစ်ကားလေးမှ ကြိုက်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် အရိုအချိုအငို အစုံအလင်ရှုစားရမဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ခုပဲတင်ဆက်ပေးလိုက်ပါပြီ။အချစ်နဲ့အိမ်ထောင်ရေးဟာအတူဒွန်တွဲနေတယ်လို့ သတ်မှတ်ထားကြပေမဲ့ တကယ်တမ်းမှာတော့ မဟုတ်ပါဘူး။ ချစ်ရသူတိုင်းလည်း လက်မထပ်ဖြစ်ကြသလို လက်ထပ်တိုင်းလည်း အချစ်ဆိုတာမပေါက်ဖွားလာနိုင်ပြန်ပါဘူး။အဲဒီအပြင်ကို နှလုံးသားတစ်ခုလုံးက သူ့အတွက်ပဲ ဖြစ်နေပြီဆိုရင်တော့…ဆစ်ဒါးတစ်ယောက် ရာဒါဆိုတဲ့ မိဘချင်းသဘောတူထားတဲ့ ကောင်မလေးနဲ့ လက်ထပ်လုဆဲဆဲမှာပဲ အတွေးတွေပြောင်းလာပါတယ်။သူ့ရဲ့စိတ်ထဲမှာက အာနာဟီတာဆိုတဲ့ကောင်မလေးကပဲစိုးမိုးနေတဲ့အတွက် ရာဒါကို သူပြန်မချစ်ပေးနိုင်တဲ့အတွက်ပါအဲဒါနဲ့ မင်္ဂလာပွဲဖျက်ဖို့ပြောဖို့အတွက် ရာဒါကိုသွားအတွေ့မှာပဲ ရာဒါက သူ့ကိုချစ်မိနေပြီဆိုတာကို မမျှော်လင့်ဘဲသိလိုက်ရပြီးအာစေးမိသွားတော့တာပေါ့။ဒီလိုနဲ့ လက်ထပ်ပွဲအရောက်မှာတော့ ဆစ်ဒါးတစ်ယောက် ရာဒါကို မချစ်နိုင်ကြောင်းပြော ပွဲကိုအရဖျက်ပြီး ဂိုအာက အာနာဟီတာဆီကို ပြန်သွားချိန်မှာတော့…