Gasoline Rainbow ရုပ်ရှင်ဟာဆိုရင် ကျောင်းပြီးခါစ လူငယ်၅ယောက်ရဲ့ လူကြီးဘဝ အလုပ်ခွင်မဝင်ကြခင် နောက်ဆုံး စွန့်စားခန်းအနေနဲ့ကမ္ဘာကြီးရဲ့အဆုံးသတ်ဆိုတဲ့ပါတီကိုဗန်ကားတစ်စီးနဲ့သွားကြပုံကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားလေးပဲ ဖြစ်ပါတယ်။ဒီရုပ်ရှင်ကားကို ဇာတ်မတိုက်ပဲ သရုပ်ဆောင်မဟုတ်တဲ့ လူငယ်၅ယောက်နဲ့ ရိုက်ကူးထားတဲ့အတွက်တကယ်ကြုံတွေ့ရတဲ့ဖြစ်ရပ်တွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ရုပ်ရှင်နဲ့လက်တွေ့ကို ရောနှောရိုက်ကူးထားတာဖြစ်လို့ ဇာတ်ကားတစ်ကားအစား vlog တစ်ပုဒ် ကြည့်နေရသလိုခံစားရစေမှာပါ။ဒီ Gasoline Rainbow ရုပ်ရှင်ကားဟာဆိုရင် rotten tomatမှာလည်း 93% rating ရရှိထားပြီး 2024 Luxembourg City Film Festivalမှာလည်း Audience Awardကိုဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ဇာတ်ကောင် တစ်ယောက်ချင်းစီရဲ့ လူကြီးဖြစ်ခါစပူပန်မှုတွေ အခက်အခဲတွေနဲ့အတူ လူငယ်ဆန်ဆန် လောကကြီးကိုထီမထင် ပေါ့ပါးမိုက်ရူးရဲဆန်တဲ့အပြုအမူတွေကိုလည်း တွေ့မြင်ရမှာ ဖြစ်တဲ့အတွက် ကိုယ်တိုင်ငယ်ဘဝကိုပြန်လည်သတိရတန်ဖိုးထားမိစေမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။