The Truth Beneath HD

The Truth Beneath

Drama Thriller HD 2016-06-23 7 102 Min

ယခု ပြန်လည်တင်ဆက်ပေးမဲ့ ဇာတ်ကားကတော့ သရုပ်​ဆောင် Son Ye-jin, Kim Joo-hyuk,Kim So-hee, Shin Ji-hoon တို့ အဓိကပါဝင်သရုပ်​ဆောင်ထားတဲ့ Thriller, Mystery ကားပဲဖြစ်ပါတယ်။လွှတ်​တော်ကိုယ်စားလှယ်ဖြစ်ဖို့ အ​ထွေထွေ​ရွေး​ကောက်ပွဲမှာ ဝင်ပြိုင်တဲ့ ဂင်ဂျုံချန်း(Kim Joo-hyuk) နဲ့ငယ်စဥ်ကတည်းက သမ္မတက​တော်ဖြစ်ဖို့ အိပ်မက်ရှိခဲ့တဲ့ ဂင်​ယောင်းဟုံး (Son Ye-jin) တို့ရဲ့သမီးဖြစ်သူ ဂင်မင်ဂျင် (Shin Ji-hoon)​ ဟာ မဲဆွယ်ပွဲ  ပထမဆုံး​နေ့မှာပဲ ပျောက်ဆုံးသွားပါ​​တော့တယ်။မင်ဂျင်က အရင်ကလည်း အိမ်ကထွက်​ပြေးဖူးတာမို့ ဂျုံချန်းက သမီးဖြစ်သူကို လိုက်မရှာဘဲမဲဆွယ်ပွဲကိုပဲ အာရုံစိုက်​နေခဲ့ပေမဲ့ ယောင်းဟုံးက​တော့ ရဲစခန်းမှာတိုင်ချက်ဖွင့်ပြီး သမီးဖြစ်သူကို လိုက်ရှာ​ရင်းမင်ဂျင်နဲ့ ​နောက်ဆုံးအတူရှိခဲ့တဲ့သူဟာ ချွဲမီအို့ (Kim So-hee) ဆိုတဲ့ သူငယ်ချင်းဖြစ်​​ကြောင်း သိသွားပါတော့တယ်။ဂင်ဂျုံချန်းက​တော့ သူ့ပြိုင်ဘက်ကိုယ်စားလှယ်​လောင်းရဲ့လုပ်ရပ်ဆိုပြီး စွပ်စွဲကာ ပြည်သူတွေရဲ့ ​ထောက်ခံနှုန်းတက်လာ​အောင် လုပ်​နေတဲ့အချိန် ယောင်းဟုံးကလည်း ချွဲမီအို့က တရားခံဆိုတာကို သက်​သေပြဖို့အကြောင်းစုံလိုက်စုံစမ်းပါ​တော့တယ်။ အာဏာအားပြိုင်မှုနဲ့ သူ့လူကိုယ့်လူ မသဲကွဲတဲ့ နိုင်ငံ​ရေး​လောကထဲဂင်​ယောင်းဟုံးတစ်​ယောက် သမီးဖြစ်သူကို ပြန်ရှာ​တွေ့နိုင်ပါ့မလား…တရားခံက​ရောဘယ်သူဖြစ်မလဲ… ဆိုတာကို ကြည့်ရှုလိုက်ရ​အောင်ပါ။