The Negotiation HD

The Negotiation

Action Crime Thriller HD 2018-09-19 7.076 114 Min

ဆိုးလ်မြို့တော်ရဲတပ်ဖွဲ့ရဲ့ ရဲအရာရှိမလေး ဟာချယ်ယွန်း(Son Ye-jin) နဲ့  ဒုစရိုက်ဂိုဏ်းခေါင်းဆောင်မင်ထယ်ဂူ (Hyun Bin) တို့ကြားက အပြန်အလှန်ညှိနှိုင်းမှုတွေကိုအဓိကထားရိုက်ကူးထားတာဖြစ်ပါတယ်။ဟာချယ်ယွန်းဟာ ရဲတပ်ဖွဲ့ရဲ့ အရေးပေါ်စေ့စပ်ညှိနှိုင်းရေးအဖွဲ့မှာ အတော်ဆုံး ညှိနှိုင်းရေးမှူးတစ်ယောက်ဖြစ်ပေမဲ့ဓားစာခံဖြစ်စဉ်တစ်ခုမှာလူတွေသေဆုံးခဲ့ရလို့ စိတ်အကြီးအကျယ်ထိခိုက်ပြီး အလုပ်ကနေ နုတ်ထွက်ဖို့စဥ်းစားနေဆဲမှာပဲ နောက်ထပ် ပြန်ပေးဆွဲတဲ့ ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ထိုဖြစ်ရပ်ရဲ့ နောက်ကွယ်ကလူကတော့ ဒုစရိုက်ဂိုဏ်းခေါင်းဆောင် မင်ထယ်ဂူဆိုတဲ့သူ ဖြစ်နေပြီးအံ့ဩစရာကောင်းတာတစ်ခုက မင်ထယ်ဂူဟာ ညှိနှိုင်းရေးအရာရှိ ဟာချယ်ယွန်းနဲ့မှသာစကားပြောမယ်လို့တောင်းဆိုခဲ့တာပါပဲ… ဒီလိုနဲ့ ဟာချယ်ယွန်းဟာ ထိန်းချုပ်ရေးခန်းထဲကနေ မင်ထယ်ဂူနဲ့ဗီဒီယိုခေါ်ဆိုမှုကနေတစ်ဆင့် ညှိနှိုင်းဆွေးနွေးရင်း သူ့ရဲ့ စိတ်နေသဘောထားနဲ့ရည်ရွယ်ချက်တွေကိုနားလည်အောင် ကြိုးစားရပါတော့တယ်။ ဇာတ်ရှိန်တက်လာတာနဲ့အမျှ မင်ထယ်ဂူရဲ့ ပြန်ပေးဆွဲရခြင်းအကြောင်းအရင်းဟာ သူ့ရဲ့ကိုယ်ရေးကိုယ်တာကလဲ့စားချေမှုသက်သက်မဟုတ်ဘဲ အခြားသော နက်နဲတဲ့လျှို့ဝှက်ချက်တွေ ရှိတယ်ဆိုတာ ဟာချယ်ယွန်းတစ်ယောက် တဖြည်းဖြည်းသိလာရတဲ့အခါမှာတော့….ဘာတွေဆက်ဖြစ်သွားမှာလဲ…. ဓားစာခံတွေကိုရော ကယ်တင်သွားနိုင်မလား…ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ခံစားကြည့်ရှုပေးကြပါဦးနော်။