ရူအီဆိုတဲ့ကောင်မလေးက လွန်ခဲ့တဲ့ ၁နှစ်က တိုက်ပြီးပြေးတဲ့မတော်တဆမှုကြောင့်အမြင်အာရုံဆုံးရှုံးခဲ့ရပါတယ်။ဝါတာရူကတော့ လေထီးစီးတာကို အရမ်းကြိုက်တဲ့ လူငယ်လေးတစ်ဦးပါ။တစ်နေ့မှာ နှစ်ယောက်အမှတ်မထင် တွေ့ဆုံပြီးတော့ သူငယ်ချင်းတွေဖြစ်သွားပြီးရူအီရဲ့ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းတွေမှာ ဝါတာရူက ကူညီပေးပါတော့တယ်။ဒါပေမဲ့ လွန်ခဲ့တဲ့၁ နှစ်ကျော်က အမှန်တရား ပြန်လည်ပေါ်ပေါက်လာချိန်မှာတော့ရူအီရော ဝါတာရူရော လက်ခံနိုင်ပါ့မလားဆိုတာ အလွမ်းအဆွေးလေးနဲ့ ငြိမ့်ငြိမ့်လေးခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။