၂၀၀၄ ခုနှစ်ရဲ့ နွေရာသီတစ်ခုမှာ ၁၂ နှစ်အရွယ် ညီအစ်မနှစ်ယောက်ဖြစ်တဲ့ Tracey နဲ့ Chelsea တို့ဟာသူတို့ရဲ့ အစ်ကိုကြီး Dylan နဲ့အတူ အာကန်ဆာပြည်နယ်ရဲ့ တောအုပ်ထဲမှာ စခန်းချခရီးထွက်ခဲ့ကြတယ်။သူတို့သုံးယောက်ဟာ မြို့ပြရဲ့ ရှုပ်ထွေးမှုတွေကနေ ခဏတာ ရှောင်ရှားပြီး သဘာဝရဲ့အလှအပတွေကို ခံစားဖို့ ရည်ရွယ်ခဲ့ကြပေမယ့်တိတ်ဆိတ်အေးချမ်းတဲ့ တောအုပ်ထဲမှာ ထိတ်လန့်ဖွယ်ရာ အဖြစ်အပျက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ဘယ်သူမှ မထင်ခဲ့ကြပါဘူး။ညဘက်ရောက်တော့ စခန်းအနီးက တောအုပ်ထဲမှာလူမဟုတ်၊ ဝက်မဟုတ်တဲ့အကောင်တစ်ကောင်ရဲ့ ထူးဆန်းတဲ့ အသံတွေကို စတင်ကြားလာခဲ့ကြရတယ်။မကြာခင်မှာပဲ သူတို့ဟာ “Pigman” လို့ ခေါ်တဲ့ ကြောက်မက်ဖွယ်လူသတ်သမားတစ်ဦးရဲ့ အမဲလိုက်ခြင်းကို ခံခဲ့ရတော့တယ်။ဓားမကြီးတစ်ချောင်းကိုင်ပြီး သူတို့ကို တောထဲမှာ လိုက်လံခြောက်လှန့်နေတဲ့ Pigman ဆီကနေဒီညီအစ်မနဲ့ သူတို့ရဲ့အစ်ကိုတို့ ဘယ်လို ထွက်ပြေးလွတ်မြောက်အောင်ကြိုးစားကြမလဲဆိုတာကတော့ ဇာတ်လမ်းလေးကြည့်ရှုရင်းသာ ရှာဖွေလိုက်ကြရအောင်ပါ။