Superman 4K

Superman

– လွန်ခဲ့သော ၃ ရာစုလောက်က ပထမဆုံး စူပါစွမ်းအားရှင်တွေဖြစ်တဲ့ မက်တာလူသားတွေဟာ ကမ္ဘာပေါ်မှာ ပေါ်ပေါက်လာခဲ့ပါတယ်၊ နတ်ဘုရားများနှင့်မိစ္ဆာများရဲ့ခေတ်စတင်လာခဲ့ပါတယ်။– လွန်ခဲ့သော နှစ် ၃၀ လောက်ကတော့ အခြားဂြိုလ်က ကလေးတစ်ယောက်ဟာ အာကာသယာဉ်နဲ့ ကမ္ဘာပေါ်ကိုအပို့ခံလိုက်ရပြီး ကန်းဆက်လယ်သမားတွေကမွေးစားထားခဲ့ပါတယ်။– လွန်ခဲ့သော ၃ နှစ်က အဲဒီကလေးဟာ လူကြီးဖြစ်လာပြီး ကိုယ့်ကိုယ်ကိုယ် စူပါမန်းအဖြစ် ကြေညာခဲ့ပါတယ်။ မက်တာလူသားအားလုံးထဲမှာ စွမ်းအားအကြီးဆုံးပါပဲ။–လွန်ခဲ့တဲ့ ၃ ပတ်တုန်းက စူပါမန်းဟာ ဘိုရေးဗီးရားနိုင်ငံက ဂျာဟန်ပူနိုင်ငံကို ကျူးကျော်မှာကို တားဆီးခဲ့ပြီး ကမ္ဘာအနှံ့မှာ အငြင်းပွားဖွယ်တွေ ဖြစ်စေခဲ့ပါတယ်။– လွန်ခဲ့တဲ့ ၃ နာရီကဘိုရေးဗီးရားတူကြီးဆိုတဲ့ မက်တာလူသားတစ်ယောက်ဟာ မက်ထရိုပိုလိမြို့ထဲမှာ စူပါမန်းကို တိုက်ခိုက်ခဲ့ပါတယ်။– လွန်ခဲ့တဲ့ သုံးမိနစ်က စူပါမန်းဟာ ပထမဆုံးအနေနဲ့ တိုက်ပွဲရှုံးသွားပါပြီဒီလို မိတ်ဆက်အနေနဲ့ စတင်ခဲ့ပြီး စူပါမန်းရဲ့ မဟာရန်သူ လက်စ်လူသာက စူပါမန်းကိုရှင်းပစ်ဖို့ ကြိုးစားချိန်မှာ စူပါမန်း ဘယ်လိုရန်သူတွေနဲ့ တိုက်ခိုက်ရမလဲဆိုတာ ဆက်ကြည့်ရမှာပါစူပါမန်းရဲ့ခွေးဖြစ်တဲ့ ခရစ်ပတိုကိုလည်း မိတ်ဆက်ထားတဲ့အပြင် role ကောင်းကောင်းပါ ပေးထားခဲ့ပါတယ်။ ကျန်တာကိုတော့ ဆက်ကြည့်လိုက်ကြပါဦး။