ရောဘတ်တိုဟာ အငြိမ်စားရှေ့နေတစ်ဦးဖြစ်ပြီး ရှေ့နေကျောင်းမှာ ပညာသင်ပေးနေတဲ့ ဆရာတစ်ဦးပါ။တစ်နေ့မှာ အတန်းချိန်သင်နေရင်း ရှေ့နေကျောင်းရှေ့မှာ ရက်စက်လှတဲ့လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။မျက်စိရှေ့တင် ဖြစ်ပွားခဲ့တဲ့အမှုကို ရှေ့နေဟောင်း ရောဘတ်တိုဟာ စိတ်ဝင်စားသွားပြီး တစ်ကိုယ်တည်းအမှုစုံစမ်းပါတော့တယ်။သူစုံစမ်းရရှိတဲ့သဲလွန်စတွေဟာ သူ့အတန်းထဲက ကျောင်းသားတစ်ဦးတည်းကိုသာညွှန်ပြနေခဲ့အခါမှာတော့… ရှေ့နေကျောင်းအရှေ့မှာ ဖြစ်ပျက်သွားခဲ့တဲ့ ပြီးပြည့်စုံတဲ့လူသတ်မှုနောက်ကွယ်ကလက်သည်ကို ရှေ့နေ ရောဘတ်တိုတစ်ယောက် ဖော်ထုတ်နိုင်မလား…ရောဘတ်တိုရဲ့ ကောက်ချက်ချမှုအတိုင်း သူရဲ့ကျောင်းသားဟာ တရားခံဖြစ်နေမလား… ဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။