Escape from Germany HD

Escape from Germany

Drama History War HD 2024-04-11 5.3 97 Min

၁၉၃၉ ခုနှစ်၊ ဩဂုတ်လမှာ နာဇီဂျာမနီရဲ့နယ်စပ်တွေပိတ်ခါနီး LDS ခရစ်ယာန်သာသနာပြုအဖွဲ့ဝင် အမေရိကန် ၇၉ ဦးဟာ ဂျာမနီမှာပိတ်မိနေပြီး စစ်မဖြစ်ခင်အနီးကနိုင်ငံတွေကိုထွက်ပြေးဖို့ကြိုးပမ်းကြတဲ့အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ခရစ်ယာန်ဘုရားကျောင်းရဲ့ခေါင်းဆောင် ပရောဖက် Heber J. Grant ရဲ့သတိပေးချက်အရသာသနာပြုတွေဟာ စစ်စတင်မယ့် ၃ ရက်အလိုမှာ ဂျာမနီကနေ အမြန်ထွက်ခွာဖို့ အမိန့်ရရှိခဲ့ကြပါတယ်။ရုပ်ရှင်မှာ ပါဝင်သူများစွာက အမှန်တကယ်ထွက်ပြေးခဲ့ကြသူတွေရဲ့သားစဉ်မြေးဆက်တွေဖြစ်ပါတယ်။ ဒေါ်လာ ၁ သန်းအောက်သာ ကုန်ကျစရိတ်နည်းနည်းနဲ့ရိုက်ကူးခဲ့ပြီးဒေါ်လာ ၂.၆ သန်းအထိ ရုံတင်ဝင်ငွေ ရရှိခဲ့ပါတယ်။Escapefrom Germany ရုပ်ရှင်ဟာ ဒုတိယကမ္ဘာစစ်အလွန် လူသိများခဲ့ခြင်းမရှိတဲ့ဖြစ်ရပ်မှန်ကိုအခြေခံပြီး ယုံကြည်မှု၊စွန့်စားမှုနဲ့အံ့ဖွယ်ကယ်တင်မှုတွေကို ရောင်ပြန်ဟပ်စေတဲ့ဇာတ်ကားဖြစ်ပါတယ်။