Driving Miss Daisy HD

Driving Miss Daisy

Drama HD 1989-12-13 7.232 99 Min

ဒီဇာတ်ကား​​လေးကတော့ မင်းသားကြီး မော်ဂန်ဖရီးဖင်းနဲ့ မင်းသမီးကြီး ဂျက်ဆီကာတန်ဒီတို့ပါဝင်သရုပ်ဆောင်ထားတဲ့အော်စကာလေးခုတောင်ရခဲ့တဲ့ 1989ခုနှစ်ကထွက်ရှိခဲ့တဲ့ကားကောင်းတစ်ကားပါဇာတ်လမ်းကတော့ ကပ်စီးနဲဇီဇာကြောင်တဲ့လူဖြူဂျူးအဘွားကြီး မစ္စဒေစီနဲ့ သူ့ဆီမှာဒရိုင်ဘာအဖြစ်အလုပ်လုပ်မဲ့ ပျော်ပျော်ပြုံးပြုံးနဲ့စိတ်ရှည်သည်းခံတတ်တဲ့လူမဲအဘိုးကြီးဟုတ်ခ်တို့ကြားက ​relationship လေးကို လှပစွာပုံဖော်ထားတာပဲဖြစ်ပါတယ် မစ္စဒေစီဟာ ဒရိုင်ဘာမလိုချင်ဘဲ သားဖြစ်သူကအတင်းတိုက်တွန်းလို့ခန့်ပေးထာတာကြောင့်ဟုတ်ခ်ကိုအမြင်မကြည်မကြည်ဖြူဖြစ်ရာကနေ ဟုတ်ခ်ရဲ့စိတ်ရှည်သည်းခံမှုတွေကြောင့် မစ္စဒေစီတစ်ယောက် ဟုတ်ခ်အပေါ်အမြင်တွေပြောင်းလဲလားမလားဆိုတာ….တောင်ပိုင်းအမေရိကန်တွေရဲ့ လူမျိုးရေးခွဲခြားမှုနဲ့လူမှုဆက်ဆံရေးကိုလည်း တစေ့တစောင်းဖော်ပြထားသလို သိမ်မွေ့တဲ့စိတ်ခံစားချက်တွေကို သဘာဝကျကျသရုပ်ဆောင်ပြသွားတဲ့သရုပ်ဆောင်နှစ်ယောက်ရဲ့ chemistry ကတော့ ဇာတ်ကားရဲ့အသက်မို့လို့ ကြည့်ရတာတန်မဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ခံစားကြည့်ရှုလိုက်ကြပါအုံးနော်…..