Mea Culpa HD

Mea Culpa

Crime Drama Thriller HD 2024-02-22 5.6 120 Min

ဒီတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးအတွက် plot twist အကြမ်းစားနဲ့ စိတ်ဝင်စားဖွယ်ရာ မှုခင်းရုပ်ရှင်တစ်ခုကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။မီယာဟာ ထက်မြက်တဲ့ ရှေ့နေတစ်ဦးဖြစ်ပေမဲ့ တော်တော်ကို အမေချစ်တတ်လွန်းတဲ့ မားမားဘွိုင်း ခင်ပွန်းကိုရထားတဲ့အတွက်ကြောင့်အိမ်ထောင်ရေး ကိစ္စ အဆင်မပြေ ဖြစ်နေရသူပါ။မီယာရဲ့ခဲအိုကတော့ အစိုးရခရိုင်အမှုစစ်ဖြစ်ပြီး လတ်တလောမှာ နာမည်ကြီး လူငယ်ပန်းချီဆရာဇိုင်ယာမလွိုင်ဆိုသူရဲ့ လူသတ်မှုကို တာဝန်ယူထားရပါတယ်။တိုက်တိုက်ဆိုင်ဆိုင်ပဲအဲဒီပန်းချီဆရာဇိုင်ယာက မီယာကို သူ့အမှုမှာ ‌ရှေ့နေလိုက်ပေးဖို့ အမှုလာအပ်ခဲ့ပြီး သေဆုံးသူကောင်မလေးကိုသူမသတ်ခဲ့ပါဘူးလို့ အခိုင်အမာပြောဆိုနေပါတယ်။ဒီလိုနဲ့ပဲဇိုင်ယာရဲ့လူသတ်မှုရယ်၊ မီယာရဲ့အိမ်ထောင်ရေးရယ်၊ မီယာ့ခင်ပွန်းတို့မိသားစုရဲ့ လူမှုရေးတွေရယ် တစ်စတစ်စရောထွေးလာပါတော့တယ်။ဒီရုပ်ရှင်ထဲမှာလိင်ပိုင်းဆိုင်ရာနဲ့စကားလုံးအသုံးအနှုန်းတွေနဲ့ bed scene တချို့လည်း ပါဝင်တာကြောင့် မိသားစုနဲ့အတူကြည့်ဖို့အတွက်မသင့်တော်ပါဘူး။ဇာတ်လမ်းရဲ့အဆုံးပိုင်းမှာ မထင်မှတ်ထားတဲ့ plottwist တစ်ခုကလည်းပါဝင်နေသေးတာဆိုတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုဇာတ်လမ်းထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။