ဒီဇာတ်ကားလေးကတော့ ထိုင်းဇာတ်လမ်းရုပ်ရှင်လေးဖြစ်ပြီးတော့ ကြည့်ရှုသူမငြီးငွေ့ရအောင် ဟာသလေးတွေပါထည့်ပြီး ရိုက်ကူးပေးထားတဲ့ တစ္ဆေကားလေးပါဗျ။ serious ကြီးမဟုတ်ဘဲအေးဆေးလေးနဲ့စိတ်ပြေလက်ပျောက် အနားယူနေချိန်လေးတွေမှာ ရယ်လည်းရယ်မောနိုင်တာမို့ ကြည့်ရှုဖို့ recommended ပေးပါတယ်ဗျ။ဇာတ်လမ်းလေးကတော့ ဝမ် ဆိုတဲ့ကောင်လေးဟာသူ့အမေပေးစားတဲ့ကောင်မလေး ပလွိင်ဆိုတဲ့သူနဲ့ လက်ထပ်ခဲ့လိုက်ပါတယ်။ကောင်မလေးကလဲချော ဝမ်ကလဲ နဂိုကမှလူရိုးသားလေးမို့ ချစ်ကျွမ်းဝင်သွားပြီးအစစအရာရာဂရုစိုက်ပေးပါတော့တယ်။ဒါပေမဲ့ ဝမ် မသိလိုက်တာက သူ့ရဲ့မိန်းမဖြစ်တဲ့ ပလွိင်ဆီမှာ နက်နဲတဲ့လျှို့ဝှက်ချက်ကြီးရှိနေတယ်ဆိုတာပါပဲ။ဒါဟာ ဘာလဲဆိုတော့ ပလွိင်ရဲ့ကိုယ်ထဲမှာ တစ္ဆေသရဲတစ်ကောင်ဟာဝင်ရောက်ကပ်တွယ်နေတာပဲဖြစ်ပါတယ်။ညညဆို ပလွိင်ရဲ့ကိုယ်ကိုအပိုင်စီးပြီးတော့ ဒီသရဲဟာသောင်းကျန်းပါတော့တယ်။ဒီပြဿနာကို ဝမ်ဟာ ဖြေရှင်းဖိုအတွက်ဘယ်လိုတွေနည်းလမ်းရှာမလဲ ကြုံလာတဲ့အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကို ပရိတ်သတ်ကြီးတို့နဲ့အတူ ကြည့်ရှုခံစားလိုက်ကြရအောင်။