Gamblers HD

Gamblers

Thriller Mystery HD 2025-06-06 8.3 102 Min

လောင်းကစားလောကမှာ ကျက်စားနေတဲ့လူတွေထဲမှာ အဓိကနှစ်မျိုးနှစ်စားပဲရှိပါတယ်တဲ့ခွေးဖြစ်နွားဖြစ်လောင်းရင်း လမ်းဘေးရောက်တဲ့သူနဲ့ ကြက်ကန်းဆန်အိုးတိုးရင်ရွှေပုံပေါ်ရောက်တဲ့သူတွေပေါ့။ဒါပေမဲ့တကယ်တန်းကျတော့ ရွှေပုံပေါ်စံရတဲ့သူက များများစားစားမရှိလှပေမဲ့ တစ်သန်းမှာတစ်ခါအခွင့်အ‌ရေးဆိုတဲ့ စိုင်ကော်လို့ခြုံပေါ်ရောက်ချင်သူက များများရယ်ဆိုတော့ လောင်းကစားလောကကြီးက မတိမ်ကောနိုင်ဖြစ်နေတာပေါ့။ဒီတစ်ခါမှာတော့ အရမ်းကိုမိမိုက်တဲ့ လောင်းကစားဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးမှာပါ။Card Castle Clubဆိုတဲ့ လျှို့ဝှက်အဖွဲ့အစည်းရဲ့ လောင်းကစားပွဲမှာ အကြောင်းအမျိုးမျိုးကြောင့်ပါဝင်ဖို့ စုဝေးလာကြတဲ့လူ 7 ယောက်ဒီလူ 7 ယောက်ထဲကအနိုင်ရတဲ့သူအတွက် စောင့်ကြိုနေတာက ကုဋေ 100 ဆိုတဲ့ပမာဏနေ့ချင်းညချင်းဘဝပြောင်းသွားနိုင်တဲ့ပမာဏကလည်းဖြစ်ကိုယ်စီအကြောင်းရင်းတွေရှိနေကြသူတွေလည်းဖြစ်နေတာမလို့အားလုံးက ဒီgrand prizeကိုရဖို့ ဉာဏ်နီဉာဏ်နက်မျိုးစုံ ထုတ်သုံးလာကြချိန်မှာတော့…