JSK - Janaki V vs State of Kerala HD

JSK - Janaki V vs State of Kerala

Drama Thriller HD 2025-07-17 8.3 156 Min

ဒီတစ်ခါမှာတော့ ဥပဒေကို လက်တစ်လုံးခြားလုပ်ကြတဲ့ လောကကြီးထဲမှာ မတရားမှုတွေကြား ‌သားကောင်ဖြစ်သွားရရှာတဲ့ မိန်းကလေးတစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။အချိန်ကာလကတော့ ဘုရားကျောင်းတစ်ကျောင်းကအစပြုလာတဲ့ ပြဿနာတွေကြောင့် အသင်းတော်ကို.ကာကွယ်ဖို့ကြိုးစားနေတဲ့ ယုံကြည်ကိုးကွယ်သူတွေရယ် သူတို့ဘက်ကအာဏာပိုင်တွေရယ် ရဲတွေရယ်တရားမှုအတွက် ရဲရဲဝံ့ဝံ့ရပ်တည်ပေးမဲ့ ရှေ့နေကြီး‌ဒေးဗစ်ရယ်… သူတို့ကြားမှာရုန်းရင်းဆန်ခတ်တွေ ဖြစ်နေကြချိန်ပေါ့…။အဲဒီအရှုပ်အထွေးကြားမှာ ရဲစခန်းထဲ၀င်ဖို့ ကြိုးစားနေကြတဲ့ လူတွေနဲ့ ရဲတွေထိတွေ့မှုဖြစ်ရာက လူတစ်ယောက် အသက်ဆုံးသွားခဲ့ပါတယ်။အဲဒီအချိန်မှာပဲ ရဲစခန်းထဲရောက်လာတဲ့ မိန်းကလေးတစ်ယောက်ဟာလည်း ရုတ်တရက်မေ့လဲသွားတာကြောင့် ဆေးရုံပို့လိုက်ရပါတယ်။နောက်မှာ အဲဒီမိန်းကလေးဟာ မုဒိမ်းမှုရဲ့သားကောင်ဖြစ်နေတာကို သိလိုက်ရပါတယ်။အဲဒီလိုအမှုတွေရဲ့နောက်ကွယ်မှာ ဘယ်လိုမထင်မှတ်တဲ့ သူတွေရှိနေမလဲ၊ ရှေ့နေကြီးကရော အမှန်တရားဘက်ကနေဘယ်လိုရပ်တည်ပေးသွားမလဲ ဆိုတာကို ဒရာမာနှောပြီး သည်းထိတ်ရင်ဖို ကြည့်ရှုခံစားကြရမှာ ဖြစ်ပါတယ်။