Tehran HD

Tehran

Action Thriller HD 2025-08-14 5.5 116 Min

မင်းသားကြီး John Abraham နဲ့အတူ မင်းသမီးချောလေး Manushi Chhillarနဲ့ Neeru Bajwaတို့ပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင်Thriller ကြမ်းကြမ်းရမ်းရမ်း ဇာတ်လမ်းကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။အိန္ဒိယကို အစ္စရေးကောင်စစ်ဝန်ချုပ်ရောက်လာတဲ့အချိန်မှာအဲဒီကောင်စစ်ဝန်ချုပ်စီးလာတဲ့ကားဟာဗုံးပေါက်ကွဲမှုဖြစ်သွားပြီးတော့ ကောင်စစ်ဝန်ချုပ်ရဲ့ ကလေးနှစ်ယောက်နဲ့ ဇနီးသည်အပါအဝင် စုစုပေါင်း လူ၇ယောက် ထိခိုက်သွားခဲ့ရပါတယ်။ကောင်စစ်ဝန်ချုပ်ရဲ့ ဇနီးသည်ကတော့မီးလောင်ကျွမ်းမှုဖြစ်ခဲ့ပြီး ခန္ဓာကိုယ်ရဲ့ တစ်ဝက်နီးပါးလောင်ကျွမ်းသွားခဲ့ရပေမဲ့ ကလေးနှစ်ယောက်ကတော့ ကံကောင်းစွာနဲ့ပဲ အရမ်းကြီး မထိခိုက်ခဲ့ပါဘူး။နိုင်ငံရေးနဲ့ဆက်နွယ်နဲ့ အမှုဖြစ်လာတဲ့အတွက် ဒီအမှုကို ကိုင်တွယ်ဖို့ အရာရှိတွေမှာလည်းခေါင်းကိုက်လို့နေခဲ့ပါတယ်။ဒီအမှုကို ကိုင်ဖို့အတွက် ရာဂျိဗ်ဆိုတဲ့ အရာရှိကို တာဝန်ပေးတဲ့အချိန်မှာတော့ အရာရှိရာဂျိဗ်မှာလည်းမက်ဝါနာဂိုဏ်းက သူ့မိသားစုကို ခြိမ်းခြောက်နေတဲ့အတွက်နဲ့ သူလည်း ခေါင်းခြောက်နေရပါတယ်။လက်ရှိမှာတောင် မိသားစုကို ခြိမ်းခြောက်ခံနေရလို့ ဖိအားများနေတဲ့အရာရှိရာဂျိဗ်တစ်ယောက်ဒီလို အရေးကြီးတဲ့အမှုကို ဘယ်လိုများ ဆက်လက်ကိုင်တွယ်သွားမလဲ ……ဒီအမှုကိုလိုက်နေတဲ့ သတင်းထောက်မလေးကရော ဒီအမှုကြီးရဲ့ လျှို့ဝှက်မှုတွေမတရားမှုတွေကို ဘယ်လိုဖော်ထုတ်သွားမလဲ ဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦး။