ဒီတစ်ခါမှာတော့ အရှေးကူးမား လာရာဒွတ်တာနဲ့ ပရီယန်ကာချိုပရာတို့သုံးပွင့်ဆိုင်ပါဝင်ထားတဲ့ ခေတ်ဟောင်းအချစ်ကားလေးကို တင်ဆက်လိုက်ပါတယ်ဇာတ်လမ်းကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ ရာ့ဂျ်ဆိုတဲ့ကောင်လေးတစ်ယောက်ကာဂျယ်တို့အိမ်နားကို ပြောင်းလာတော့ သွက်လက်တဲ့ ကာဂျယ်ကပဲ စပြီးအပေါင်းအသင်းလုပ်တာပေါ့ရာ့ဂျ်ရဲ့ခြေထောက်ပြဿနာကို ကာဂျယ်ဆိုတဲ့ ကလေးမလေးကပဲ ဖြေရှင်းပေးနိုင်ခဲ့ပြီးအိပ်မက်တွေတူညီတဲ့ သူတို့အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်အတူတူ ငယ်ရာကနေ ကြီးလာတယ်ဒီလိုနဲ့ ရာ့ဂျ်လည်း တစ်နေ့တော့ သူ့သူငယ်ချင်းကောင်မလေးကိုချစ်ရေးဆိုဖို့အလုပ် သူ့မှာ ချစ်သူတစ်ယောက်ရှိနှင့်နေပြီးသားဖြစ်တာ သိလိုက်ရတော့ဘယ်လိုဒရာမာအချိုးအကွေ့နဲ့ တိုက်ဆိုင်မှုတွေ ဖြစ်လာဦးမှာလဲ ပရိသတ်တို့ကပဲ ခံစားကြည့်ရှုပေးပါဦး