Horrorရုပ်ရှင်တစ်ခုရဲ့ရိုက်ကူးရေးအဖွဲ့တစ်ဖွဲ့က လူမနေတာကြာတဲ့အိမ်နက်ကြီးတစ်ခုမှာ ရိုက်ကူးရေးဆင်းရင်းထူးဆန်းတဲ့အရာတွေကိုကြုံတွေ့ရတဲ့အကြောင်းကိုရိုက်ထားတဲ့ Horror ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့ …… ရုပ်ရှင်ရိုက်ကူးတဲ့အတွေ့အကြုံတွေရှိပေမယ့် Horrorကားရိုက်တဲ့အတွေ့အကြုံမရှိတဲ့ဒါရိုက်တာတစ်ယောက်ဟာ လူသူအရောက်အပေါက်နည်းတဲ့ ကောလဟာလတွေကြောင့် စွန့်ပစ်ခံထားရတဲ့အိမ်နက်ကြီးမှာ Horror ဇာတ်ကားတစ်ခုကိုရိုက်ပါတယ်။ ရိုက်ကူးရေးစတဲ့နေ့မှာပဲ သရုပ်ဆောင်တစ်ယောက်ဟာထူးထူးဆန်းဆန်းသေသွားခဲ့ပါတယ်။သရုပ်ဆောင်တွေကကြောက်ကြပေမယ့် ရိုက်ကူးရေးပြီးမြောက်ဖို့ပဲအားတင်းပြီးတော့ ဆက်ရိုက်ကြပါတယ်။ ဒါပေမယ့်……. ရိုက်ကူးရေးအချိန်အတောအတွင်းမှာပဲတစ်ယောက်ပြီးတစ်ယောက် ထူးဆန်းတဲ့ပုံစံတွေနဲ့ သေသွားကြတော့ သရုပ်ဆောင်တွေကသွေးပျက်ပြီးထွက်သွားဖို့ကြိုးစားကြပါတယ်။ ရှိသမျှပိုင်ဆိုင်မှုတွေအကုန်ဒီရုပ်ရှင်အတွက်ရင်းထားတဲ့ဒါရိုက်တာဟာ ဒီရုပ်ရှင်ကိုမဖြစ်မနေရိုက်ဖို့ဆက်ကြိုးစားပါတယ်။ နောက်ထပ်ဘာတွေကြုံလာရဦးမလဲ……ဒီနောက်ကွယ်မှာဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ……Horrorရုပ်ရှင်တစ်ခုရဲ့ရိုက်ကူးရေးအဖွဲ့တစ်ဖွဲ့က လူမနေတာကြာတဲ့အိမ်နက်ကြီးတစ်ခုမှာ ရိုက်ကူးရေးဆင်းရင်းထူးဆန်းတဲ့အရာတွေကိုကြုံတွေ့ရတဲ့အကြောင်းကိုရိုက်ထားတဲ့ Horror ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့ …… ရုပ်ရှင်ရိုက်ကူးတဲ့အတွေ့အကြုံတွေရှိပေမယ့် Horrorကားရိုက်တဲ့အတွေ့အကြုံမရှိတဲ့ဒါရိုက်တာတစ်ယောက်ဟာ လူသူအရောက်အပေါက်နည်းတဲ့ ကောလဟာလတွေကြောင့် စွန့်ပစ်ခံထားရတဲ့အိမ်နက်ကြီးမှာ Horror ဇာတ်ကားတစ်ခုကိုရိုက်ပါတယ်။ ရိုက်ကူးရေးစတဲ့နေ့မှာပဲ သရုပ်ဆောင်တစ်ယောက်ဟာထူးထူးဆန်းဆန်းသေသွားခဲ့ပါတယ်။သရုပ်ဆောင်တွေကကြောက်ကြပေမယ့် ရိုက်ကူးရေးပြီးမြောက်ဖို့ပဲအားတင်းပြီးတော့ ဆက်ရိုက်ကြပါတယ်။ ဒါပေမယ့်……. ရိုက်ကူးရေးအချိန်အတောအတွင်းမှာပဲတစ်ယောက်ပြီးတစ်ယောက် ထူးဆန်းတဲ့ပုံစံတွေနဲ့ သေသွားကြတော့ သရုပ်ဆောင်တွေကသွေးပျက်ပြီးထွက်သွားဖို့ကြိုးစားကြပါတယ်။ ရှိသမျှပိုင်ဆိုင်မှုတွေအကုန်ဒီရုပ်ရှင်အတွက်ရင်းထားတဲ့ဒါရိုက်တာဟာ ဒီရုပ်ရှင်ကိုမဖြစ်မနေရိုက်ဖို့ဆက်ကြိုးစားပါတယ်။ နောက်ထပ်ဘာတွေကြုံလာရဦးမလဲ……ဒီနောက်ကွယ်မှာဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ……