အခုတစ်ခေါက် မှုခင်းသဲထိတ်ရင်ဖိုရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-လီမုံ့တို့ သူငယ်ချင်းတစ်ဖွဲ့ဟာ အပန်းဖြေခရီး ထွက်လာကြတဲ့လမ်းမှာ ကားပျက်သွားခဲ့ပါတယ်။လူသူအသွားအလာလည်းမရှိ ဖုန်းလိုင်းလည်းမရှိတဲ့ တောနက်ထဲမှာ သစ်သားအိမ်လေးတစ်လုံးကိုတွေ့ခဲ့ပြီး အဲဒီမှာနေတဲ့ မုဆိုးကို နေခွင့်ပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။နောက်တစ်နေ့မှာ ကားပြင်ဖို့ စားစရာရှာဖို့ ထွက်သွားကြတဲ့လူတွေ တစ်ယောက်ပြီးတစ်ယောက်သေဆုံးသွားခဲ့ပါတယ်။ သူတို့အဖွဲ့ကို အန္တရာယ်ပြုနေသူက ဘယ်သူလဲ……တောနက်ထဲက ထွက်လာတဲ့ သေနတ်သံတစ်ချက်က မုဆိုးလက်ထဲက သေနတ်သံလား……သူတို့တစ်တွေ တောနက်ထဲက အသက်ရှင်ရက် ပြန်လာနိုင်ပါ့မလား……ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။