Night Carnage FHD

Night Carnage

Action Horror Romance FHD 2025-07-29 5.816 80 Min

ဒီကားကတော့ သမန်းဝံပုလွေ၊ သွေးစုပ်ဖုတ်ကောင်များနဲ့ ဖန်တီးပုံဖော်ထားတဲ့ Action/Horror/ Romance အမျိုးအစားကားလေးဖြစ်ပါတယ်..ဘားဆိုင်ပိုင်ရှင်ဖြစ်သူ မားကတ်စ်ဟာ၎င်းဖခင်မသေမီမှာ သိလိုက်ရတဲ့ စကားတချို့ ဓာတ်ပုံတချို့ကြောင့် ဘဝလားရာလမ်းကြောင်း တဆစ်ချိုးပြောင်းလဲသွားသူဖြစ်ပါတယ်..နှစ်သက်ရာ ထူးထူးဆန်းဆန်းပစ္စည်းတွေကိုစုဆောင်းရင်း ဘားဖွင့်ကာ အေးအေးချမ်းချမ်းနေထိုင်သူ မားကတ်စ်တစ်ယောက်ဟာ ဖခင်ပြောစကားအရသွေးစုပ်ဖုတ်ကောင်မုဆိုးမျိုးရိုးမှ ဆင်းသက်လာသူဖြစ်ကြောင်း၊၎င်းနှင့်အဘီတော်စပ်သူ မုဆိုးကြီး ဗန်ဟယ်ဆင်းဟာ သွေးစုပ်ဖုတ်ကောင်တစ်ကောင်ရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတာ ဖြစ်ကြောင်း သိရှိကာ မျိုးရိုးစဉ်ဆက်လက်စားချေတဲ့ လုပ်ငန်းမှာ ပါဝင်လာရပါတော့တယ်…သမန်းဝံပုလွေတစ်ကောင်ဖြစ်တဲ့ တက်စ်ဟာတော့ ဒိတ်လမ်းညွှန်ဘလော့ရေးသူတစ်ယောက်ဖြစ်ပြီး သူ့အရှိအတိုင်းကို လက်ခံမဲ့လက်တွဲဖော်တစ်ယောက်ရှာဖွေနေသူဖြစ်ပါတယ်..ယောက်ျားလေးများနဲ့ ဒိတ်ကာ ဒိတ်နှင့်ပတ်သက်သမျှကို ဘလော့စာမျက်နှာမှာ တင်ပြီး အတွေ့အကြုံမျှဝေလေ့ရှိပါတယ်…တစ်ရက်မားကတ်စ်နှင့် တက်စ်တို့ ဒိတ်နေစဉ် မစ္စတာကော်နာဆိုသူရောက်ရှိလာပြီး မားကတ်စ်ဆီကနေ တက်စ်ကို ခိုးယူသွားတဲ့အချိန်မှာတော့ မားကတ်စ်တစ်ယောက်စိတ်ထိခိုက်နေဆဲမျိုးရိုးစဉ်ဆက်လုပ်ငန်းအတွက် အမဲလိုက်ရန် သွေးစုပ်ဖုတ်ကောင် သဲလွန်စ ရရှိသွားတဲ့အခါမှာတော့…ဒီဇာတ်ကားလေးဟာ ပေါ့ပေါ့ပါးပါးနဲ့ R rated ကြိုက်နှစ်သက်သူ၊ Fantasy Romanceကြိုက်နှစ်သက်သူများ မြည်းစမ်းကြည့်ရှုဖွယ်ဖြစ်ပြီးမင်းသမီးချောများကလည်း မငြင်းရက်နိုင်စရာဖြစ်လို့ ရွေးချယ်နိုင်ဖွယ် ညွှန်းဆိုပေးလိုက်ရပါတယ်ခင်ဗျာ…