Noise HD

Noise

Horror Thriller HD 2025-06-25 6.8 95 Min

ဆောဂျူယောင်း (Lee Sun-Bin) နဲ့ ဆောဂျူဟီး (Han Su-A) တို့ ညီအစ်မနှစ်ယောက်ဟာကိုယ်ပိုင်တိုက်ခန်းလေး ဝယ်ယူနိုင်ခဲ့ပြီးနောက်မှာ အဲဒီတိုက်ခန်းလေးဆီကိုပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။ဒါပေမဲ့ တစ်နေ့ကစပြီး တိုက်ခန်းတစ်နေရာကနေ အမည်မသိနိုင်တဲ့ ဆူညံသံတွေကိုစတင်ကြားလာရပါတော့တယ်။ အဲဒီအချိန်မှာပဲ ညီမဖြစ်သူ ဂျူဟီးနဲ့အဆက်အသွယ်ပြတ်တောက်သွားတဲ့အတွက် ဂျူယောင်းဟာ နယ်စက်ရုံလေးကနေ အလျင်စလိုပဲတိုက်ခန်းဆီ ပြန်လာခဲ့ပြီး ဂျူဟီးရဲ့ချစ်သူ ဂီဟွန်း (Kim Min-Seok) နဲ့အတူဂျူဟီးကိုလိုက်ရှာတော့တာပေါ့။ တစ်ဖက်မှာလည်း ဆူညံသံတွေ အဆက်မပြတ်ကြားနေရတဲ့ အောက်ထပ်အိမ်က ဘတ်ဂွန်းဘယ် (Ryu Kyung-Soo) က အဲဒီဆူညံသံတွေကဂျူယောင်းတို့ညီအစ်မကြောင့်လို့ ထင်ပြီး သတ်မယ်လို့ ခြိမ်းခြောက်လာတဲ့အခါမှာတော့…တကယ်ပဲ တိုက်ခန်းထဲက ဆူညံသံတွေရဲ့ အရင်းအမြစ်က ဘယ်ကလာတာဖြစ်မလဲ…ဂျူဟီးကရော ဘာကြောင့်ပျောက်ဆုံးသွားတာဖြစ်မလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာအဖြေရှာရင်း ကြည့်ရှုပေးကြပါဦးရှင်…