ဒီရုပ်ရှင်ဟာ တစ်ရွာတည်းထီးတည်းတည်ရှိနေတဲ့ ဗြိတိန်ရွာလေးကို အခြေခံဇာတ်အိမ်တည်ထားပြီး လယ်ကွင်းကျယ်များမှာ စုပေါင်းစိုက်ပျိုးလုပ်ကိုင်ရင်းအဆင်ပြေနေကြစဉ် မမျှော်လင့်ဘဲအရင်းရှင်စနစ်ဝင်လာတဲ့နောက်အခြေအနေကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်..အမည်မရှိတဲ့ ရွာလေးကို အုပ်ချုပ်နေသူဟာ သခင်ကင့် ဖြစ်ပြီး ရာဇဝတ်အုပ်များ ပုလိပ်များမရှိဘဲရွာသူရွာသားအားလုံးဟာ အချင်းချင်းအပြန်အလှန်စောင့်ရှောက်ကာ ပျော်ပျော်ရွှင်ရွှင်နေထိုင်လျက်ရှိကြပါတယ်…တစ်ညမှာတော့ ခိုအိမ်များထားရာ ကျီတစ်လုံးမီးလောင်မှုနဲ့အတူ အခြားအရပ်မှ မျက်နှာစိမ်းများ ရောက်ရှိလာကာ ငြိမ်းချမ်းတဲ့ရွာလေးအဖို့ ကျိန်စာသင့်ဖို့ဖြစ်လာပါတော့တယ်တစ်ချိန်တည်းမှာလည်း ထိုရွာလေးဆီ မြေပုံဆွဲသူတစ်ယောက်ရောက်ရှိလာပြီး ခြံစည်းရိုးမရှိ နယ်နိမိတ်သတ်မှတ်မှုမရှိတဲ့ ရွာလေးအဖို့ ခြံစည်းရိုးခတ်ဖို့ဖြစ်လာပါတော့တယ်..သခင်ကင့်တစ်ယောက် ရွာသူရွာသားများအား ခြံစည်းရိုးခတ် နယ်နိမိတ်သတ်မှတ်ခြင်းရဲ့ ကောင်းကျိုးများကို ပြောကာ မဲဆွယ်စည်းရုံးနေစဉ်ရွာသားတချို့ကတော့မလွတ်လပ်တော့မှုကို ကြိုတင်မြင်ခဲ့ကြပါတယ်…ထို့နောက် သခင်ကင့်ရဲ့ ငယ်သူငယ်ချင်းဖြစ်သူ ဝေါ့တာသာ့ခ်ဟာ ၎င်းရဲ့ဦးနှောက်ကောင်းမှုကြောင့် မြေပုံဆွဲသူနဲ့ရင်းနှီးပြီး လက်ထောက်ဖြစ်ခဲ့ကာလျှို့ဝှက်ချက်ကြီးတစ်ခုကိုသိခဲ့ရပါတယ်…ဒီရွာလေးကို အုပ်ချုပ်သူ သခင်ကင့်ဟာ ဒီနယ်မြေရဲ့ ပိုင်ရှင်မဟုတ်ဘဲ ရပ်ဝေးတစ်နယ်က အခြားသူကသာပိုင်ရှင်ဖြစ်ကြောင်းသိရှိပြီး ထိုပိုင်ရှင်ဖြစ်သူရောက်လာတဲ့အခါမှာတော့ ဝေါ့တာတို့ ရွာကလေးအဖို့ ကံဆိုးမှုဟာ အမြင့်ဆုံးရောက်ခဲ့ပြီး အရာရာပြောင်းလဲသွားရပါတော့တယ်ဒီဇာတ်ကားဟာဆိုရင် စက်မှုကြိုခေတ်လောက်ကို အခြေတည်ထားတဲ့ဇာတ်ကားဖြစ်ပြီး ရိုးရာများ ဓလေ့ထုံးတမ်းများနဲ့ ကျေးတောရွာတစ်ရွာရဲ့အုပ်ချုပ်ရေးအခြေအနေများကိုစကော့တလန်ပြည်ရဲ့ ရှုခင်းများနဲ့ သိုင်းဝိုင်းတင်ဆက်ထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်..