အသစ်ထွက်ထားတဲ့ တမီလ်စကားပြော ဆိုက်ကိုသည်းထိတ်ရင်ဖိုရုပ်ရှင်တစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ကိုတော့ တမီလ်ဒါရိုက်တာ အမ်ဂိုပီက ရိုက်ကူးထားတာပါ။ဇာတ်လမ်းကလည်း ရိုးမလိုနဲ့ ဆန်းပါတယ်။အရင်းနှီးဆုံး သူငယ်ချင်းတွေဖြစ်ကြတဲ့ လူနှစ်ယောက်ဟာသူတို့ရဲ့ရည်းစားတွေနဲ့အတူတောထဲက သစ်လုံးအိမ်တစ်ခုကို ညအိပ်အပန်းဖြေခရီးသွားကြပါတယ်။ဒါပေမဲ့ သည်းထိတ်ရင်ဖိုကားတွေထုံးစံ မဖြစ်သင့်တဲ့ကိစ္စတစ်ခုခုဖြစ်သွားခဲ့ပြီးအဲဒီကိစ္စကိုဖုံးဖိဖို့ကြိုးစားရာကနေ အခြေအနေတွေပိုပြီးဆိုးရွားလာတဲ့အခါမှာတော့…။