Mirchi HD

Mirchi

Action Drama HD 2013-02-08 6.2 154 Min

မြန်မာ ပရိသတ်ကြားမှာ ဘာဟူဘာလီဇာတ်ကောင်နဲ့ လူအများဆုံးသိကြတဲ့တေလေဂူး မင်းသားကြီးပရာဘာ့စ်ရဲ့ ရုပ်ရှင်ဟောင်းလေးကို ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ဟာ ၂၀၁၃ ခုနှစ်မှာထွက်ရှိခဲ့တာဖြစ်ပြီး Devara တို့၊ Archarya တို့လိုရုပ်ရှင်တွေရဲ့ပဲ့ကိုင်ရှင် ဆုရဒါရိုက်တာ ကိုရာတာလာရှီလာက ရိုက်ကူးထားတာပါ။ဇာတ်လမ်းကတော့.. အမေရိကမှာနေတဲ့ ဂျေးဆိုတဲ့ အိန္ဒိယသားလေးဟာမာနာဆာဆိုတဲ့ကောင်မလေးကို မတော်တဆကူညီပေးမိရာကနေ မာနာဆာကို ချစ်မိသွားခဲ့ပါတယ်။မာနာဆာကလည်း ဂျေးကို စိတ်ယိုင်ပေမဲ့ အိန္ဒိယမှာရှိတဲ့ မာနာဆာ့အမျိုးတွေကရမ်းကားဆိုးသွားတာကြောင့် ဂျေးကိုပြန်မကြိုက်ရဲဘဲ အိန္ဒိယကိုပြန်သွားခဲ့ပါတယ်။မာနာဆာကို ချစ်မိသွားတဲ့ဂျေးက အမေရိကကနေ အိန္ဒိယကိုပါကျောင်းပြောင်းပြီးလိုက်သွားခဲ့ပေမဲ့အိန္ဒိယမှာရှိတဲ့ မာနာဆာရဲ့မိသားစုနဲ့ ဂျေးရဲ့မိသားစုဟာ အစဉ်အဆက်ရန်ငြိုးရှိခဲ့တဲ့မိသားစုတွေဖြစ်နေတဲ့အခါမှာတော့…။မင်းသား ပရာဘာ့စ်ရဲ့အချစ်ဟာသအက်ရှင်ဇာတ်ကားဟောင်းလေးကို ပရိသတ်တွေအတွက်B Team ကနေ ညွှန်းဆိုဘာသာပြန်ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်…။